Arc 3.14(2)

2.3K 256 2
                                    

unicode

အပိုင်း(၆၇) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၄.၂)

မော့ယွင် ကျန်နေသောလက်တစ်ဖက်နှင့် မျက်နှာကိုသာ အုပ်ထားမိသည်။ ဤရက်ပိုင်းအတွင်း၌ သူ၏အင်အားတို့ကို ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ရာ၌ အသုံးချခဲ့ရသည်။

ခန္ဓာကိုယ်ပြန်လည်ဖွဲ့စည်းရန်အလို့ငှာ အင်အားများစွာအသုံးပြုခဲ့ရပြီး ပြန်လည်ကောင်းမွန်လာချိန်တွင် ရှစ်ယွင်ယီသည် သူ့အားထပ်မံခုတ်ဖြတ်ပြန်သည်။

လုံးဝကို သည်းမခံနိုင်တော့ပေ။

မော့ယွင်သည် ရှစ်ယွင်ယီကိုကြည့်ကာ ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။

"ရှစ်ယွင်ယီ သူ့ကိုလဲ ငါ့ရဲ့သွေးကျွန်ထပ်မလုပ်ခိုင်းတော့ဘူး ဟုတ်ပြီလား ပိုင်ယွီရဲ့စိတ်ကူးကိုလဲ အခုကစပြီး အကောင်အထည်မဖော်ပေးတော့ဘူး ငါ့ကိုပေးသွားစမ်းပါ"

သို့သော် ရှစ်ယွင်ယီသည် ဘာမှပြန်မပြောဘဲ ကြမ်းပေါ်တွင်လဲကျနေသော မော့ယွင်ထံသို့ ဓားများပစ်လွှတ်နေလေသည်။ ရှစ်ယွင်ယီ၏တစ်ကိုယ်လုံး၌ ဖော်မပြနိုင်သော ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။

"ငါလူး မင်းက ဒီမှာရှိနေသေးလား"

မော့ယွင် သူ့မျက်လုံးကိုပင် သူမယုံကြည်နိုင်တော့ပေ။ ရှစ်ယွင်ယီဤသို့လုပ်သည်က ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ထိုလူသားအတွက်နှင့် သူ့အားအမှန်တကယ်သတ်ပစ်ရန် ကြိုးပမ်းနေပြီး ဂရုဏာစိတ်လေးပင် လုံးဝမထားတော့ချေ။

မော့ယွင်စိတ်ထဲ၌ ရေရွတ်နေမိသည်။ သူနောက်ပြောင်လိုက်သောကိစ္စကို ပိုင်ယွီ၏အတည်ယူကာ သဘောတူလိမ့်မည်ဟု ဘယ်တုန်းကမှ မသိခဲ့ပေ။

တစ်ကိုယ်လုံး၌ ပြင်းထန်သောလူသတ်ချင်စိတ်တို့ ပြည့်နှက်နေသော ရှစ်ယွင်ယီအား တွေ့လိုက်ရသောအခါ မော့ယွင် စတင်ကြောက်လန့်လာသည်။

ထိုအချိန်တွင် ပိုင်ယွီက အော်ပြောလာသည်။

"ရှစ်ယွင်ယီ လုံလောက်နေပြီ တော်လိုက်တော့"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now