Arc 4.20(2)

1.6K 125 0
                                    

unicode

အပိုင်း(၉၇) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၀.၂)

ကြောက်လန့်မှုကြောင့် ပိုင်ယွီ၏တစ်ကိုယ်လုံး တုန်ရီနေသည်။

အကယ်၍သာ ထိုတင်းတိပ်များရှိလာပါက အနာဂတ်တွင် မည်သို့အပြင်ထွက်၍ သွားလာတွေ့ဆုံရပါတော့မည်နည်း။ တင်းတိပ်၅ခုကြီးများတောင်ဖြစ်သည်။ ယခင်က အရုပ်ဆိုးနေရခြင်းမှာ ဟန်ဆောင်နေခြင်းဖြစ်ပြီး ထိုတင်းတိပ်များက အစစ်အမှန်ထွက်လာမည့်အရာများဖြစ်သည်။

ပိုင်ယွီ စိတ်မသက်မသာဖြစ်နေချိန်၌ ရှဲ့ကျွင်းယန်၏အသံကို ကြားလိုက်ရသည်။

"မကြောက်ပါနဲ့ ကိုယ်ဒီမှာရှိပါတယ်"

သူ့ကိုသူ အမှန်တကယ်လှပသည်ဟု တွေးနေသရွေ့ ပိုင်ယွီအနေနှင့် ဘာကိုမှဂရုစိုက်စရာမလိုသော်လဲ ယခုအခါတွင် တင်းတိပ်အစစ်များကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ထိုသို့တွေးမိသောအခါ အရာအားလုံး ဆုံးရှူံးလိုက်ရသလို ခံစားသွားရသည်။

ပိုင်ယွီ၏ခန္ဓာကိုယ်လေးက ရှဲ့ကျွင်းယန်ပေါ်သို့ တအိအိနှင့်လဲပြိုကျသွားပြီး အချိန်အတိုင်းအတာတစ်ခုအထိ လှုပ်ရှားချင်စိတ်ပင်မရှိတော့ချေ။

အခုလေးတင် လူရမ်းကားများကို ပညာပြချင်ခဲ့သော်လဲ ယခုအခါတွင် သူ့ထံ၌ အင်အားလုံးဝမရှိတော့ပေ။

ဤသို့ဖြစ်မည်ဟုသိခဲ့လျှင် ပြန်ချမည့်အစား ထွက်ပြေးမိလိမ့်မည်။ အဘယ်ကြောင့်များ လူပြန်ရိုက်ခဲ့မိပါသနည်း။

ထိုအကြောင်းတွေးလေလေ ပိုင်ယွီတစ်ယောက် ပိုဝမ်းနည်းလာလေလေပင်။

ရှဲ့ကျွင်းယန်ကမူ ပိုင်ယွီကိုကြည့်၍ မျက်မှောင်ကြုံ့နေသည်။

ပိုင်ယွီက ထိုသို့ဝမ်းနည်းပြလေလေ ရှဲ့ကျွင်းယန်က ဒေါသပိုထွက်လေလေပင်။

ရှဲ့ကျွင်းယန်သည် ပိုင်ယွီ၏ကျောကို လက်ဖြင့်ပုတ်ပေးနေပြီး သူ၏မျက်လုံးများက လူအုပ်ကိုအကဲခတ်နေကာ ခန္ဓာကိုယ်တစ်ခုလုံးမှ အလွန်အမင်းအေးစက်သောအရှိန်အဝါများ ထုတ်လွှတ်နေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now