Ch-197

613 73 0
                                    

အခန်း (၁၉၇)

ထွက်သွားရမည့်အစား လုလီရှင်းမှာ ရှေ့သို့တိုးလာသည်။ သူ ခြေတစ်လှမ်းရှေ့သို့ တိုးလိုက်သောအခါ သူတို့ကြားရှိ အကွာအဝေးမှာ တစ်တောင်လောက်သာ ရှိတော့သည်။ သူသည် ခေါင်းငုံ့ကာ သူမအား ကြည့်နေပြီး နောက်ဆုံးတွင် သူ့အကြည့်တို့မှာ သူမမေးဖျားတွင် ရပ်တန့်သွားသည်။ မျက်ခုံးတစ်ချက်ပင့်ကာ ငုံ့ကိုင်းလိုက်ပြီး မေးဖျားလေးကို နမ်းလိုက်သည်။

ကျီချင်းချင်းမှာ လျင်လျင်မြန်မြန်ပင် သူမ၏လက်ဖြင့် ပါးစပ်ကို အုပ်လိုက်သဖြင့် မေးစေ့ကိုမနမ်းမိဘဲ သူမလက်ဖမိုးပေါ်ကိုသာ နမ်းလိုက်မိသည်။

လုလီရှင်း၏ ခုဏက အနမ်းကြောင့် ပူလောင်နေမှုမှာ အခုထိ မလျော့သွားသေးပေ။ ထို့အပြင် စက္ကန့်တိုင်းလိုလို ပို၍ပို၍သာ ပူလာခဲ့၏။ ကျီချင်းချင်းမှာ မျက်လုံးတို့ကို စေ့စေ့ ပိတ်ထားပြီး သူမ နှလုံးသားလေးမှာလည်း ကဆုန်ပေါက်နေသည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းသွားတော့မည်ဟုတောင် ယောင်ဝါးဝါးထင်နေမိသည်။

သူမ၏ လက်ဖမိုးအားနမ်းမိပြီးနောက် လုလီရှင်းသည် ထိုအဟန့်အတားလေးအား အသာအယာပင် ဖယ်ရှားလိုက်သည်။ ကျီချင်းချင်းတစ်ယောက် ‌ကြောင်ကြည့်နေစဉ်မှာပင် သူသည် သူမ၏ခုခံမှုတို့အား ခိုးဝင်တိုက်ဖျက်ကာ သူမ၏နူးညံ့သော နှင်းဆီဖူးလို နှုတ်ခမ်းသားလေးအား နမ်းလိုက်သည်။

ကျီချင်းချင်းသည် နံရံကို မှီထား၏။ သူမလက်ထဲက ခေါင်းစည်းကြိုးမှာ လျှောကျကာ အောက်သို့ ပြုတ်ကျသွားသည်။ သူမ၏စိတ်ထဲတွင် တဝီဝီမြည်နေ၏။ အရာအားလုံးက ရှင်းလင်းနေပြီး သူမစိတ်ထဲတွင် ဘာမှမတွေးနိုင်သလို သူမ ဘာကိုမှလဲ မကြားတော့ပေ။ သူမ၏မျက်လုံးထဲတွင် မြင်နိုင်သမျှမှာ သူမမျက်နှာနှင့် အနည်းငယ်သာ ကွာဝေးသော လုလီရှင်း၏ မျက်နှာချောချောပင်ဖြစ်သည်။

သူမ၏နှလုံးသားလေးမှာ ခဏရပ်သွားပြီး‌နောက်တွင်တော့ ရင်ဘတ်ကြီး ပေါက်ထွက်မတတ်ပင် ခုန်လာရတော့သည်။ လျှပ်စီးကြောင်းလေးတစ်ခုက သူမခြေထောက်မှ ခေါင်းထိ ပျံ့နှံ့သွားကာ ဓာတ်လိုက်သလို ခံစားလိုက်ရ၏။ သူမ၏ ဦးခေါင်းမှာ ထုံထိုင်းနေပြီး ခြေလက်တို့မှာ ပျော့ခွေလာရသည်။ သူတို့၏နှုတ်ခမ်းနှစ်ခု ပွတ်တိုက်နေခြင်းက သူမအား ဘယ်လိုအသက်ရှူရမယ် ဆိုတာကိုပင် မေ့လျော့သွားစေသည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်တစ်လျောက် ပျံ့နှံ့နေသည့် မီးလျှံတို့က သူမအား ဝန်းရံထားကြသလိုပင်။ ထိုမီးလျှံတို့သည် သူမ၏ ဆံချည်မျှင်လေးမှစကာ သွေးကြောအားလုံးထဲသို့ပင် ဝင်ရောက် လောင်ကျွမ်းနေကြလေသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)حيث تعيش القصص. اكتشف الآن