Ch-196

440 71 1
                                    

အခန်း (၁၉၆)

လုလီရှင်းသည် အေးစက်သော အပြုံးတစ်ခုကို နှုတ်ခမ်းတွင် ချိတ်ဆွဲထား၏။ အအေးဓာတ်သည် သူ့နှုတ်ခမ်းများမှတစ်ဆင့် ခန္ဓာကိုယ်ရှိ အရိုးအားလုံးထဲသို့ပါ စိမ့်ဝင်လာပြီး သူ့အား ဖြေးဖြေးချင်း အေးခဲနေသည်။

ကျီချင်းချင်းသည် အဝတ်လဲခန်းမှ ထွက်လာသည်။ နေရာမှ မရွေ့သေးသော လုလီရှင်းအား တစ်ချက်ကြည့်လိုက်ကာ သူမ၏ ညအိပ်ဝတ်စုံကိုယူပြီး ရေချိုးခန်းထဲသို့ သွားလိုက်သည်။

သူမသည် သေချာပေါက်ကို အတွေးလွန်မနေပေ။ အဲ့ဒါက သူမစောစောက ပြောခဲ့တဲ့အတိုင်း ကွက်တိပဲ။ လွန်ခဲ့တဲ့လက လုလီရှင်းရဲ့ အပြုအမူတွေ အဲ့ဒါတွေက ဘာများဖြစ်နိုင်ဦးမှာလဲ။ သူမကိုသာ အရှက်မဲ့တယ်လို့ နေ့တိုင်းပြော‌နေပေမဲ့ သူကမှ နောက်ကွယ်မှာ တိတ်တိတ်လေး ကျွဲမြီးတိုနေတယ်။ အဲ့လို နေ့တိုင်း လေးလေးနက်နက် ဟန်ဆောင်နေရတာကမှ အရမ်းပင်ပန်းတယ် မဟုတ်လား။

ကျီချင်းချင်းသည် မှန်ကြည့်ပြီး ဆံပင်အား ချည်လိုက်လျှင် သူမ၏မျက်နှာမှာ စိတ်သောကရောက်နေသည့်ပုံပေါ်ပြီး မျက်လုံးအောက်တွင်လည်း အမဲရောင်အဝိုင်းကြီးတွေရှိသေးသည်။

ကျီချင်းချင်းသည် တစ်လကျော်တောင် ရုပ်ရှင်ရိုက်ခဲ့ရတာဖြစ်ပြီး နေ့တိုင်းလိုလို ညဘက်ရိုက်ကွင်းတွေလည်း ရှိသေးသည်။ သူမ ရုပ်ရှင်ရိုက်နေတဲ့ အတောအတွင်းမှာ သူမရဲ့အသားအရေက တော်တော်လေး ဆိုးရွားလာတာပဲ။

ကျီချင်းချင်းတစ်ယောက် တံခါးပိတ်ပြီး ရေချိုးဖို့ ပြင်လိုက်သောအခါ အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရ၏။

ကျီချင်းချင်း တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်တွင် အမူအရာမဲ့စွာ ရပ်နေသော လုလီရှင်းအား တွေ့လိုက်ရသည်။

"ကိစ္စတစ်ခုခုရှိလို့လား။"

ကျီချင်းချင်းသည် သူ့အား ကြည့်လိုက်သောအခါ လုလီရှင်းတစ်ယောက် အံတင်းတင်းကြိတ်ထားသဖြင့် တင်းမာနေသော မေးရိုးကို တွေ့လိုက်ရသည်။

ရေချိုးခန်း၏ မီးသီးက လင်းလွန်းနေသောကြောင့် လုလီရှင်း၏ မျက်နှာကို မီးထိုးထားသလို ဖြစ်နေ၏။ သူဘာဖြစ်နေတာလဲဆိုတာကို သူမ မခန့်မှန်းတတ်ပေမဲ့ သူ့ရဲ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် စေ့ထားကာ သူမအား စူးစူးရဲရဲစိုက်ကြည့်နေပုံမှာ ဝံပုလွေတွေ ကျားတွေနဲ့ပင် ဆင်တူလှသည်။

ငါ့ဇနီးက ငါ့ဘဝပဲ (MM TRANSLATION)حيث تعيش القصص. اكتشف الآن