အခန်း (၁၉၈)
လုလီရှင်းသည် သူမအား ချက်ချင်း မငြင်းလိုက်ပေ။ ထို့အစား သူသည် ကျီချင်းချင်းအား စူးစူးရဲရဲ ဆက်လက် စိုက်ကြည့်နေ၏။ သူ့ကြည့်ရသည်မှာ နောက်နေသည့်ပုံ မပေါ်ပါချေ။
ကျီချင်းချင်း သေချာတွေးကြည့်လိုက်သည်။ ဒီညဖြစ်သမျှ အရာအားလုံးရဲ့ အကြောင်းရင်းက သူမနှင့် ကျန်းစုရဲ့ အနမ်းခန်းကြောင့်ဖြစ်နိုင်သည်။
ဒါကြီးက တကယ်ကို နားလည်မှုလွဲနေတာပဲ။
"နောက်ဆုံးရိုက်ကူးရေးတုန်းက အနမ်းခန်းက အယောင်ဆောင်အနမ်းပဲ" ကျီချင်းချင်း ရှင်းပြလိုက်သည်။ "အဲ့ဒါက ခုဏက အနမ်းလိုမျိုး မဟုတ်ဘူး။ ကျွန်မ ကျန်းစုနဲ့ မထိခဲ့ဘူး။ ကျွန်မ အဲ့ဒါကို ဘယ်ကသင်ခဲ့တာလဲဆိုတော့ ...."
တံခါးအပြင်တွင် ရပ်နေသော လုလီရှင်းမှာ ကျီချင်းချင်းပြောတာကို ကြားလိုက်ရသည်။ အဲ့ဒါက သူ့ရင်ထဲမှာ ပေါက်ဖွားလာတဲ့ မီးစလေးဖြစ်ခဲ့ပြီး သူ၏နှလုံးခုန်သံတစ်ချက်နှင့်အတူ သွေးကြောအားလုံးဆီပျံ့သွားကာ လောင်ကျွမ်းတော့သည်။ ထိုနွေးထွေးတဲ့ မီးတောက်လေးက သူ့ခန္ဓာကိုယ်အနှံ့ပြေးလွှားနေပြီး သူ့ရဲ့ထုံထိုင်းနေတဲ့ လက်တွေနှင့် ကိုယ်တွင်းအင်္ဂါတွေကို နွေးထွေးစေကာ သူ့အား အသက်ပြန်ရှင်သန်လာစေသည်။
ရုတ်တရတ် ကျီချင်းချင်းသည် တံခါးအား ဘန်းခနဲမြည်အောင် ပိတ်လိုက်၏။ တံခါးတစ်ဖက်မှနေ၍ သူမသည် ခပ်တိုးတိုး ကြိတ်ရယ်လိုက်သည်။ "ဘယ်လိုနမ်းရမလဲဆိုတာ ရှင် အခု ကျွန်မကို သင်ပေးလိုက်တာပဲ"
သူမသည် အတတ်မြန်သောသူဖြစ်၏။ တစ်ခါ သင်ပြလိုက်တာနဲ့ ချက်ချင်း တတ်မြောက်သွားလေသည်။
လုလီရှင်းသည် ရေချိုးခန်းတံခါးနောက်မှ ပုံရိပ်လေးကို ပုံဖော်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်လေးကို ပြန်ထိကာ ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။
"ဒါပေမဲ့ ဆရာကတော့ ပထမတစ်ခေါက်က ကောင်းကောင်း မသင်လိုက်ရဘူးထင်လို့ နောက်တစ်ခေါက် သင်ပေးရမှာ သူ့တာဝန်ပဲ"
ကျီချင်းချင်းမှာ သူ့စကားလုံးတွေနဲ့ လိုက်ဆော့ပေးမနေတော့ပေ။ သူမကို ဒီလောက်ဒေါသထွက်အောင်လုပ်ဖို့ သူ့ကို ဘယ်သူကများ ပြောလဲ။