အခန်း(၉၉၉)
အားလုံး ရှင့်အပိုင်။
မင်းခန္ဓာကိုယ်ထဲက အရိုးကိုထုတ်ပြီး လက်ဝတ်ရတနာအဖြစ် လုပ်မလား။
၎င်းအား ကြားရလျှင် Han Yunxi ၏ ပထမဆုံး တုံ့ပြန်မှုမှာ "ဆိုင်ရှင်၊ ယုအရိုးဆိုတာ ဘာလဲ။"
သူမမှာ အရိုးကုသခြင်းအကြောင်း များစွာမသိသော်လည်း လူ့အရိုးစု၏ အစိတ်အပိုင်းအားလုံးမှာ တစ်နည်းနည်းနှင့် အသုံးဝင်ကြောင်း သိထားသည်။ ယု သို့မဟုတ် အသုံးမဝင်သောအရိုး ဟူ၍ မရှိပေ။ လူများတွင် အထူးတလည်မလိုအပ်သော မြီးရိုးများရှိနေသော်လည်း ကျောရိုးနှင့် အာရုံကြောများအား ကာကွယ်ရန်အတွက် အသုံးဝင်သေးသည်။ လက်ခြောက်ချောင်း သို့မဟုတ် ခြေချောင်းများဖြင့် မွေးဖွားလာသူများလည်းရှိကာ အကျိုးဆက်မရှိပဲ ဖြတ်တောက်ရနိုင်သည်။ ၎င်းတို့အားသာ ယုအရိုး များအဖြစ် တကယ်ရေတွက်၍ရနိုင်သည်။
သို့သော် Han Yunxi တွင် ထိုကဲ့သို့ အရိုးများ မရှိပေ။ အကယ်၍ သူမခန္ဓာကိုယ်မှ အသုံးမဝင်သော “အရိုး” အပိုတစ်ခု ရှာရမည်ဆိုလျှင် သူမ၏ အရိုးများ၏ တစ်စိတ်တစ်ပိုင်းဟု ယူဆနိုင်သည့် သွားများသာ ရေတွက်နိုင်သည်။ မျက်မှောက်ခေတ်တွင် အရိုးအဆစ်များအား ခန္ဓာကိုယ်မှ ဒဏ်ရာရရှိထားသော သို့မဟုတ် ရောဂါရှိနေသည့် အရိုးနေရာများသို့ အစားထိုးသည့် အထူးအရိုးဆက်ခွဲစိတ်မှု ရှိလေသည်။သို့ရာတွင် ၎င်းအား ယုအရိုး ရှိလာသည်ဟု ထည့်တွက်၍ မရပေ ။
“ ယုအရိုးတွေက ပိုလျှံတဲ့အရိုးတွေ။" ပိုင်ရှင်အမျိုးသမီးမှာ တုံးတိ ပြောလိုက်သည်။ သူမက ကုန်သည်တစ်ဦး၏ သဘာဝကဲ့သို့ စိတ်အားထက်သန်မှု မရှိချေ။
အမှိုက်!! Han Yunxi မှ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူမက မသိနားမလည်ဟန်ဆောင်ကာ မေးလိုက်သည်။ “ လူ့ခန္ဓာကိုယ်မှာ ယုအရိုး ဘယ်လောက် ရှိလဲ။ ဘယ် နေရာမှာလဲ။"
တစ်ဖက်တွင်၊ Long Feiye မှာ မျက်ခုံးကျုံ့ နေပြီဖြစ်သည်။ အကယ်၍ အပိုအရိုးရှိရင်တောင်မှ သူက Han Yunxi အပေါ် မည်သူ့ကိုမှ ဓါးတင်ခွင့်မပေးနိုင်ပေ။ Han Yunxi ကိုယ်တိုင်အားပင် ခွင့်မပြုနိုင်ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...