အခန်း(၁၁၂၅)

292 26 2
                                    

အခန်း(၁၁၂၅)

မင်းက နောက်တစ်ယောက်ပဲ။





Long Feiye တို့အဖွဲ့မှာ Bai Yanqing မှ ကျောက်တုံးနံရံနှစ်ထပ်ဖြင့် အခန်းမှ အောက်သို့ ဆင်းလာသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ဒါဆို သူ့ဓားစာခံက အတွင်းထဲမှာ ပိတ်ထားခံရတယ်လို့ ဆိုလိုတာလား။

"Ning Jing ဘယ်မှာလဲ Bai Yanqing၊ Ning Jing ကို ပြန်ပေးလိုက်.. မဟုတ်ရင်  ခင်များကို သတ်မယ်။" Tang Li မှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။Ning Jing ၏အော်သံမှာ သူ့အား ကျိုးကြောင်းဆီလျော်မှု၏ အစွန်းဘက်သို့ လုံးလုံးလျားလျားတွန်းပို့လိုက်သည်။

ဒေါသ၊ တုန်လှုပ်မှု၊ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှု၊ အဆိုးမြင်စိတ်များမှာ ရောနှောကာ သူ၏ နှလုံးသားတွင်း၌ ပြည့်လျှံနေသည်။ အကယ်၍ Ning Jing ကို မမြင်နိုင်လျှင် သူက ဘယ်အချိန် ရူးသွားမလဲ မသိနိုင်ပေ။ကံကောင်းထောက်မစွာ၊ Long Feiye မှာ သူ့ကို တင်းတင်းကျပ်ကျပ် ဆွဲထားလေသည်။ မဟုတ်လျှင် ယခုအချိန်တွင် သူက Bai Yanqing ၏ လက်ထဲ ရောက်သွားလိမ့်မည်။

"Ning Jing ကို ကျုပ်ဆီပြန်ပေး.. ခင်များ..ကြားလား။"

“ယောက်ျားက မိန်းမတွေကို ပြန်ပေးဆွဲတာ ဘာလဲ။ ခင်များက တစ်ခြားဘာတွေလုပ်နိုင်သေးလဲ။ ပြော…”

"မ*** တကယ်လို့ ခင်များမှာ သတ္တိရှိရင် အားလုံးကို လွှတ်ပေးလိုက် .. ကျုပ်က ခင်များနဲ့ တစ်ယောက်ချင်း တိုက်မယ်။ သတ္တိရှိလား။"

"Bai Yanqing၊ ခင်များ သူရဲဘောကြောင်တဲ့လူ..”

Bai Yanqing မှာ Tang Li ကို ရိုးရိုးရှင်းရှင်း လျစ်လျူရှုထားရင်း သဘောရှိ အော်ဟစ်ခွင့်ပြုထားသည်။ သူ၏ အာရုံမှာ Long Feiye အပေါ်တွင် လုံးလုံးလျားလျား အာရုံစိုက်နေသည်။ ချစ်ရသူမှ ပြန်ပေးဆွဲခံထားရသော်လည်း Long Feiye ၏တုံ့ပြန်မှုမှာ Tang Li နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ သူက Bai Yanqing ကို အမူအရာ ပြောင်းလဲခြင်းမရှိ အေးစက်စွာကြည့်နေလျှင် သူ၏အတွေးများကို ဖတ်ရခက်စေသည်။ ဤအေးစက်တည်ငြိမ်သော ငြိမ်သက်မှုမှာ Bai Yanqing ၏မျက်လုံးများတွင် တန်ဖိုးထားထိုက်သည့်အရာတစ်ခုပင်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now