အခန်း(၁၀၉၂)
ရှင်က လူကောင်းတစ်ယောက်ပဲ။
Gu Qishao ၏စကားများမှာ Mu Linger ၏ကမ္ဘာကို တောက်ပစေသည့်တိုင် နောက်ထပ်စကားများမှာ ၎င်းအား ဖျက်ဆီးပစ်လိုက်လေသည် ။
သူက ပြောလိုက်သည်။ "ကျစ်.. ကျစ် ငါ့မိသားစုရဲ့ အရူးမလေးက နောက်ဆုံးတော့ အရွယ်ရောက်လာပြီပဲ။ ချီကိုကိုကို တွယ်ကပ်မနေတော့ဘူး။"
သူက အလွန် လျင်မြန် ပျော်ရွှင်စွာ ပြုံးနေမိသည်။ လူတို့သည် ကူကယ်ရာမဲ့မှုနှင့် အတင်းအကျပ်ဖိအားပေးမှုများကြောင့် ချုပ်ချယ်ခံရနိုင်သော်လည်း သူတို့၏နှလုံးသားများသည် အမြဲတစေ လွတ်လပ်နေဆဲပင်။ ထို့ကြောင့်ပင် သူတို့က ဤမျှလောက် ဒုက္ခများစွာ တွေ့ကြုံရခြင်း ဖြစ်လိမ့်မည်။ သူမက Jin Zi နှင့် ထွက်သွားပြီး ချီကိုကို နောက်လိုက်လံနေခြင်း မရှိလျှင်တောင် သူက သူမ၏ နှလုံးသားထဲတွင် တစ်ဦးတည်းသော သူဖြစ်နေဆဲပင်။ သို့ရာတွင် ယခုချိန်တွင်တော့ သူ့ကို ပြန်ဖြေပေးရန် အခွင့်အရေးပင် မရှိတော့ချေ။Mu Linger မှာ ကိုယ့်ကိုကိုယ်သာ ရယ်ချင်နေမိတော့သည်။
သူက အခွင့်အရေးမပေးသော်လည်း သူမ တိုက်ခိုက်ချင်သေးသည်။ ဤသည်မှာ သူမအတွက် အရဲရင့်ဆုံးညဖြစ်လိမ့်မည်။ သူမ ချီကိုကို၏ မျက်လုံးများထံ ကြည့်ကာ ပြောလိုက်သည်။ “ချီကိုကို၊ ရှင်ကော… Linger ကိုမလိုချင်ဘူးလား။"
Gu Qishao မှာ အံ့အားသင့်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အရူးမလေး…”
"ချီကိုကို၊ လင်းအာ က အလေးအနက် ပြောနေတာ။လင်းအာ က ရှင့်ကိုနောက်နေတာမဟုတ်ဘူး။" Mu Linger မှ ဖြတ်ပြောလိုက်သည်။ သူက ထပ်မံ ရယ်မောကာ သူမ၏ စကားလုံးများကို ဟာသအဖြစ် သဘောထားနေမှန်း သိနေသည်။
Gu Qishao မှာ ရုတ်တရက် ဖြည်းညင်းစွာ လှည့်ကာ သူမ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “အရူးမလေး၊ ချီကိုကိုက မင်းကို ဘယ်လိုလုပ် မလိုချင်တော့မှာလဲ။ မင်းဘယ်သူနဲ့လက်ထပ်ပါစေအမြဲတမ်း ချီကိုကိုရဲ့ အရူးမလေး ဖြစ်လိမ့်မယ်။"
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Fiksi Sejarah** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...