အခန်း(၁၀၆၀)
အစစ်အမှန် ပညာရှင်။
Han Yunxi က ဘာလုပ်ချင် နေတာလဲ။
Cang Xiaoying မှာ ကြောက်လန့်တကြား တုန်လှုပ်ကာ စောင့်ဆိုင်းနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ Han Yunxi မှာ သူမဖြင့် ယှဉ်ပြိုင်ရန် သဘောတူထားသရွေ့ သူမတွင် အခွင့်အရေးရှိနေဆဲပင်။ မမျှော်လင့်ပဲ Han Yunxi မှ ပြောလိုက်သည်။ "ငါတို့ ဒီလို လုပ်ရင် ဘယ်လိုလဲ။ ငါ့အပ်တစ်ချောင်းကို လက်ခံလိုက်။တကယ်လို့ အဆိပ် အာနိသင်မပြခင် နင် ဒီတံတားကိုဖြတ်နိုင်ရင် အဆိပ်ကို ကုပေးမယ်။ မဟုတ်ရင်… တောင်းပန်တယ်လေနော်…"
"ငါ ဘာလို့လုပ်ရမှာလဲ။" Cang Xiaoying မှာ ထိတ်လန့်ကာ ဒေါသတကြီး အော်လိုက်သည်။
“ဘာလို့လဲဆိုတော့…” Han Yunxi မှာ ပခုံးတွန့်ကာ ပြုံးရင်း Cang Xiaoying ၏ဝမ်းဗိုက်သို့ ညွှန်ပြလိုက်သည်။ "ဘာလို့လဲဆိုတော့... နင်က အဆိပ်သင့်နေပြီလေ။ အကြီးဆုံး သခင်မလေးချန်၊ နင့်မှာ အချိန်သိပ်မကျန်တော့ဘူး။"
Cang Xiaoying မှာ အံ့အားတကြီးဖြင့် သူမ၏ဗိုက်တွင် စိုက်နေသည့် သွယ်လျသော အဆိပ်အပ်ကို ငုံ့ကြည့်လိုက်သည်။
“ပြီးတော့ ဒါက 'တစ်နှစ်လိုပဲ တစ်ည’ပဲနော်… အိုး!” Han Yunxi မှာ ကူညီ သတိပေးလိုက်သည်။
“မဟုတ်ဘူး..” Cang Xiaoying ၏ မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။ သူမက ရုန်းကန်ရန် အချိန်မရှိတော့ပဲ တောင်နှစ်ဘက်ကို ဆက်သွယ်ထားသော သံကြိုးတံတားဆီသို့ ပျံသန်းသွားလိုက်သည်။ Han Yunxi မှာ သူမကို မတားပဲ ကောင်မလေးနောက်သို့ လိုက်သွားသော Long Feiye ထံ ပြန်လှည့်ကြည့်လိုက်သည်။ ထိုသည်ကိုမြင်လျှင် ပတ်ဝန်းကျင်ရှိ နှလုံးသားပိတ်လှောင်မှုခြံဝန်းမှ တပည့် ဆယ်ယောက်လောက်မှာ သူမကို ပိတ်ဆို့ထားရန် လှုပ်ရှားလာကြသည်။ ထိုအချိန်တွင် မိစ္ဆာ ဓားဂိုဏ်းတပည့်များမှာလည်း Han Yunxi ကို ပိတ်ဆို့ရန် တံတားဘေးတွင် တန်းစီနေကြသည်။
တပည့်တစ်ယောက်မှာ Cang Xiaoying ထံ လှည့်ကာ အော်လိုက်လေသည်။ “အကြီးဆုံး သခင်မလေးချန် မြန်မြန် သွားတော့… သခင်လေးကုန်းကို သွားပြောပါ။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...