အခန်း(၁၀၀၀)

395 37 11
                                    

အခန်း(၁၀၀၀)

လူ့အရိုးဖြင့် သွန်းထားသော ဓါး။







Long Feiye ၏ ထိတ်လန့်မှင်သက်နေသော အမူအရာအား ကြည့်၍ ရေကန်အောက်ရှိ ရှေးဟောင်းဓားမှာ အလွန် အဖိုးတန်သည့် အရာဖြစ်ကြောင်း Han  Yunxi  မှာ သဘောပေါက်သွားတော့သည်။
 
ဒါဆို ငါတို့က ချီရှား ဓားမြှောင်ကို ခြေရာမခံမိသေးခင် ရတနာတစ်ခုကို ရှာတွေ့ပြီလား။

"အဲ့တာ ဘာဖြစ်နိုင်လဲ။" သူမက အလောတကြီး မေးလိုက်သည်။

“အဲတာ  မော့ရှဲ့ဓားဝိဥာဉ်။" Long Feiye မှ ကြေညာလိုက်သည်။

"မော့ရှဲ့ ဓားဝိဥာဉ်။" Han Yunxi မှာ ပဲ့တင်ထပ်လာသည်။ မော့ရှဲ့ဓား အား သူမ ကြားဖူးသည်။ မော့ရှဲ့ ကိုယ်တိုင်မှာ ပန်းပဲသမား  ကန်ကျန်း၏ ဇနီးဖြစ်သည်။ စုံတွဲမှာ ဓါးတစ်ချောင်း သွန်းလုပ်ရန်  ဝူဘုရင်၏ အမိန့်ကို လက်ခံခဲ့ရပြီး ကန်ကျန်းမှာ တောင်ကြီးငါးခုမှ သံအနှစ်သာရနှင့် ချိုင့်ဝှမ်းခြောက်ခုမှ သတ္တုအနှစ်သာရအား စုဆောင်းကာ သွန်းလုပ်ခဲ့သည်။ကံမကောင်းစွာပဲ၊ သူတို့မှာ သုံးလကြာပြီးလျှင်တောင် မအောင်မြင်ခဲ့ပေ။ အကယ်၍ နောက်ကျခဲ့လျှင် ဝူဘုရင်မှာ ကန်ကျန်း၏ အသက်အား သတ်မည်ဖြစ်၍ ခင်ပွန်းဖြစ်သူအား ကာကွယ်ရန်အတွက် မော့ရှဲ့မှာ မီးဖိုထဲသို့ ခုန်ဆင်းသွားပြီး ဓားမှာ အပိုင်းပိုင်း ကွဲသွားသည်။ ရလဒ်များမှာ ကန်ကျန်း အမည်ရှိ အဖိုနှင့် မော့ရှဲ့အမည်ရှိ အမ ဟူ၍ သီးခြားဓါးနှစ်ချောင်း ရရှိလာသည်။

ကန်ကျန်းမှာ ကိုယ်တိုင်အတွက် ကန်ကျန်းဓါးအား ဝှက်ထားခဲ့ပြီး ဝူဘုရင်ထံ မော့ရှဲ့ ဓါးသာ ဆက်သခဲ့သည်။ ဝူဘုရင်မှာ လိမ်ညာမှုအား တွေ့ရှိသည်နှင့် ကန်ကျန်းအား မိမိကိုယ်ကို သတ်သေရန် အမိန့်ပေးခဲ့သည်။ သို့ကြောင့် သူ၏ဝိဥာဉ်မှာ ကန်ကျန်း ဓားတွင် ကပ်တွယ်နေသည်။ မော့ရှဲ့ နှင့် ကန်ကျန်း တို့မှာ ရှေးဟောင်းရတနာဓားများဖြစ်ကြသည်။ ထို့ထက် ၎င်းတို့မှာ စုံတွဲ ဖြစ်နေသည်။ Han  Yunxi  မှာ ဒဏ္ဍာရီအားသာ သိထားသော်လည်း မော့ရှဲ့ ၏ဓားဝိဥာဉ်ကဲ့သို့ မည်သည့်အရာမျိုးကိုမျှ မကြားဖူးပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now