အခန်း(၁၀၀၇)

287 33 8
                                    

အခန်း(၁၀၀၇)

အခွင့်အရေးမရှိဘူး Vs သေလမ်းရှာနေတာ။






သူတို့က မျှော်လင့်ထားသည်ထက် နှစ်တစ်သောင်း သတ္တုအဆိပ်အား စောစီးစွာ ရယူနိုင်ခဲ့သော်လည်း Mu Linger နှင့် ကျန်သူများအား ဆောင်းတွင်းအလယ်၌ ကယ်ဆယ်ရန် မဖြစ်နိုင်သေးချေ။ Jun Yixie အား အမှောင်ထဲတွင် ထိန်းထားနိုင်ရန် သူတို့က စောင့်နေရုံသာ တတ်နိုင်သည်။ ထို့အပြင်၊ နင်မျိုးနွယ်တပ်ဖွဲ့များမှာ ထိုစစ်မြင်း ၃၀,၀၀၀ အား လေ့ကျင့်ရန် အရေးကြီးသောတာဝန်ရှိ နေသည်။

Long Feiye မှာ မြင်းများအကြောင်း ဘယ်သောအခါမှ မမေးသော်လည်း Han  Yunxi  မှာ ကိုယ်တိုင် မေးမြန်းရန် လုံလောက်သော စွမ်းအားရှိနေသည်။ သူမက သုံးလမ်းသွားမှောင်ခိုဈေးမှ ထွက်ခွာလာတည်းက မေးခွန်းနှစ်ခု ပြန်လည်ပေးပို့ခဲ့သည်။ ယခုအချိန်တွင် လက်ထောက်စစ်သူကြီးရွှယ်မှာ Jun Yixie မှ စေလွှတ်လိုက်သော မြင်းလေ့ကျင့်ပေးသူများအား အနည်းနှင့်အများ ဂရုစိုက်ပြီးဖြစ်သည်။

သူတို့၏ အခြားအရေးကြီးသော ကိစ္စမှာ Bai Yanqing အား ကိုင်တွယ်ရန်ပင်။ သတင်းမရှိခြင်းမှာ  သတင်းကောင်း ဖြစ်နိုင်သော်လည်း၊ ဤတွင် သူတို့၏ရန်သူနှင့် မသက်ဆိုင်ပေ။ သူ့အကြောင်း ဘာမှမကြားရလျှင်တောင် သူက မည်သည့်ကိစ္စမှ လုပ်ဆောင်နေခြင်း မရှိဟု သူတို့က သေချာမသိနိုင်ပေ။ Han Yunxi နှင့် Long Feiye တို့မှာ လက်ရှိတွင် သူ၏ ရည်မှန်းချက်များနှင့် စေ့ဆော်မှုအပေါ် မှန်းဆနေကြသည်။ အကယ်၌ သူက ယခင်ကကဲ့သို့ အရှေ့နှင့် အနောက်ချင်အား သဘောထားကွဲလွဲ စေချင်လျှင် ယခုဘာလို့ နှုတ်ဆိတ်နေသည်လဲ။ Bai Yanqing မှာ မင်းဆက်နှစ်ဆက်အား မည်သည့်အတွက်ကြောင့် ဒီလောက် မုန်းရသည်လဲ။ ထိုလူတွင် အဆိပ်ဂိုဏ်း၏ တားမြစ်မြေပြင်ရှိ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ် ပိုင်ရှင်ကဲ့သို့ သံသယဖြစ်ဖွယ်အချက်များစွာ ရှိနေသည်။ Long Feiye နှင့် Han Yunxi တို့မှာ ခေါင်း သို့မဟုတ် အမြီးပင် အစဆွဲမထုတ်နိုင် သော်လည်း ပြသနာအား ဘေးဖယ်မထားနိုင်ပြန်ပေ။

Bai Yanqing အား နားမလည်နိုင်သောကြောင့် နှစ်တစ်သောင်းမီးအဆိပ်အားသာ အမြန်ဆုံးရှာတွေ့ရန် ကြိုးစားနိုင်သည်။ သူတို့အနားတွင် Gu Qishao မှ ရှိနေလျှင် Long Feiye မှာ နောက်ဆုံးအဆိပ်ကိုတွေ့ပြီးသည်နှင့် Bai Yanqing အား ဆွဲထုတ်ကာ ကောင်းကောင်းယှဉ်ပြိုင်ရန်  စိတ်မကွက်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now