အခန်း(၁၀၁၄)

309 31 4
                                    

အခန်း(၁၀၁၄)

ဒေါသထွက်နေသည့်လူ။








ဆေးမီးဖိုသခင်မှာ နဂါးရှင်သန်ခြင်းဆေးအား ပြုလုပ်ပေးရန် သဘောတူထားပြီးဖြစ်သော်လည်း Gu Qishao မှာ မကျေနပ်သေးပေ။ မြင့်မားသောမီးဖိုပေါ်တွင် ရပ်နေချိန်တွင် သူ၏အပြုံးသည် အေးစက်နေပြီး မထီမဲ့မြင်ဖြင့် သူ၏လက်များက မော့ရှဲ့ ဓားဝိဥာဥ်ကို ကိုင်ဆောင်ထားသည်။ ကြီးကျယ်ခမ်းနားသော နတ်ဘုရားတစ်ပါးကဲသို့ပင်။ သူ၏ အောက်ရှိ သူများအား မထီမဲ့မြင်ပြုရုံထက် မပိုပေ။ သူကဲ့သို့ အမျိုးသားမှာ Long Feiye ကဲ့သို့ လေးစားမှု တောင်းဆိုခြင်း မပြုပဲ ကြောက်ရွံ့ ထိတ်လန့်စေသည်။

Han Yunxi မှာ Gu Qishao ထံ မော့ကြည့်လိုက်ပြီး ချီကလေးမှာ ဤကမ္ဘာမှ ထွက်သွားပြီး Gu Qishao ၏ နှလုံးသားမှလည်း ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း ရုတ်တရက် နားလည်လာသည်။

ချီကလေးက ကြီးပြင်း လာတာကြာပြီ။

“အဘိုးကြီး၊ ကျုပ် ဆေးညွှန်းအရင်ကြည့်မယ်။” Gu Qishao မှာ တောင်းဆိုနေခြင်း မဟုတ်ပဲ အမိန့်ပေးနေခြင်းပင်။

မပျော်မရွှင်ဖြစ်မှုများမှာ ဆေးမီးဖိုသခင်၏ မျက်လုံးများတွင် ဖြတ်သွားပြီးနောက် ကျယ်လောင်စွာ မေးလိုက်သည်။ “မင်း ဘာအတွက် ဆေးညွှန်း လိုချင်တာလဲ။ မင်းနားလည်မှာလည်းမဟုတ်ဘူး။"

“ကျုပ်က နားမလည်နိုင်ဘူးလို့ ဘယ်သူပြောလဲ။" Gu Qishao မှ ပြန်ပြောလိုက်သည် ။

"ဒီအဘိုးကြီးက မင်းတို့အတွက် ဆေးလုပ်ပေးဖို့ပဲ သဘောတူထားတာ။ ဆေးညွှန်းလွှဲ ပေးဖို့ မပါဘူး။" စိတ်ဆိုးဒေါသထွက်နေသော ဆေးမီးဖိုသခင်မှာက Han  Yunxi ထံ လှည့်လာသည်။ “ဆေးရောင်းတဲ့အခါ ဆေးညွှန်းမလွှဲဘူး။ ဒါက အစဉ်အဆက် စည်းမျဉ်းတစ်ခုပဲ။”

Han  Yunxi  မှာ မဖြေနိုင်မီတွင် တင်းမာနေသော Long  Feiye  မှ နေရာယူလိုက်သည်။ သို့တိုင် သူက ဆေးမီးဖိုသခင် မဟုတ်ပဲ Gu Qishao ထံ စကားပြောလိုက်သည်။ "မင်းက ဘာတွေ တုံ့ဆိုင်းနေတာလဲ။"

ဆေးမီးဖိုသခင်မှာ သူက ဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း Han Yunxi ၏ နှုတ်ခမ်းများမှာ ကော့ညွှတ်ကာ ပြုံးသွားတော့သည်။ Long Feiye နှင့် Gu Qishao မှ ဤနေရာတွင် အတူရှိနေလျှင် အပြင်းထန်ဆုံးသော ပြသနာများပင် သူမနှင့် မသက်ဆိုင်ပေ။ သူမက ဆေးမီးဖိုသခင်ထံ ကုလားထိုင်တစ်လုံးတောင်း၍  ပွဲထိုင်ကြည့်နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now