အခန်း(၁၀၈၅)

230 23 2
                                    

အခန်း(၁၀၈၅)

မင်း လက်မထပ် ချင်တော့ဖူးလား။





ရုတ်​တရက်​!

အနောက်မှ ရင်းနှီးသော အသံတစ်သံမှ အော်လိုက်လေသည်။ "ချီကိုကို..”

ချီကိုကို!!!

Gu Qishao မှာ ပထမဆုံး နောက်ပြန်လှည့်လိုက်ကာ မြင်ကွင်းကြောင့် ချက်ချင်းပင် အံ့အားသင့်သွားတော့သည်။ ဤသည်မှာ Mu Linger အပေါ် သူ၏ အလေးနက်ဆုံးသော အထင်အမြင် ဖြစ်နိုင်သည်။
Mu Linger မှာ ကျားဖြူကြီးတစ်ကောင်ပေါ်တွင် တစ်စောင်း ထိုင်နေရင်း အနှီးပတ်ထားသည့် ကလေးငယ်တစ်ဦး ချီထားသည်။ သူမက လက်ရှိတွင် အရပ်မြင့်သော အမျိုးသားတစ်ဦး၏ လက်မောင်းများတွင်း မှီထားသည်။ သူမက မှတ်မိနိုင်သည့် အမျိုးသမီး Han Yunxi နှင့် Long Feiye၊ သူမ ကြောက်ရွံ့သော အမျိုးသားတို့ကို တွေ့နေရသော်လည်း၊ သူမ၏မျက်လုံးများမှာ Gu Qishao ထံသာကြည့်နေသည်။ မျက်ရည်များကြားမှ သူမက ကမ္ဘာပေါ်ရှိ ပန်းများအားလုံး တစ်ပြိုင်နက် ပွင့်လာသကဲ့သို့ ပြုံးနေကာ သူမ၏ဘဝသည် ယခုအချိန်မှစပြီး ပျော်ရွှင်နေသကဲ့သို့ လူတိုင်း၏ စိုးရိမ်ပူပန်မှုများကို မေ့လျော့ကာ သူမနှင့်အတူ ပြုံးပြနိုင်လောက်အောင် ပြုံးနေခဲ့သည်။

၎င်းမှာ ဖြူစင်လှသော ပျော်ရွှင်မှု၏ အပြုံးတစ်ခုပင်။

သူမ လုပ်နိုင်သမျှမှာ ချီကိုကိုထံ တစေ့တစောင်းကြည့်နေခြင်း ဖြစ်သော်လည်း  Mu Linger မှာ ပျော်ရွှင်နေဆဲပင်။ ငိုနေရင်း သူမက ရယ်မောနေပြန်သည်။ “ချီကိုကို.. လင်းအာ ရှင့်ကို အရမ်းလွမ်းတယ်။ ချီကိုကို နောက်ဆုံးတော့ လင်းအာက ရှင့်ကို ပြန်တွေ့နိုင်ပြီ။"

လူတိုင်းမှာ အံ့ဩ နေကြသည်။ Jun Yixie နှင့် Ning Cheng ပင် သတိလက်လွတ် ဖြစ်နေကာ Mu Linger နှင့် မန်နေဂျာ Jin တို့မှ ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ Ning Cheng ၏ မျက်လုံးများတွင် မျှော်လင့်ချက်များ တောက်ပလာသည်။ ထိုနှစ်ယောက်၏ ဤနေရာသို့ ရောက်လာသဖြင့် Jun Yixie ၏ အစီအစဥ်မှာ ပျက်စီးသွားတော့မည်။ အတိအကျ!

Jun Yixie မှာ တုန်လှုပ်သွားသည်။ သူက Long Feiye နှင့် ကျန်သူများကို သတ်နိုင်ရန် ရှစ်လှမ်းသာဝေး တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now