အခန်း(၁၁၄၀)

288 24 0
                                    

အခန်း(၁၁၄၀)

သူဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူး။






Bai Yanqing က Long Feiye ကို တောင်းပန်မှာလား။

သူက လွတ်မြောက်ချင်နေသေးသော်လည်း ယခုတွင် သူက တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောလူမှာ Gu Beiyue ပင်။ အောင်မြင်ပြီးသည်နှင့်၊ သူက သူတို့၏အာရုံကို အောင်မြင်စွာ လွှဲဖယ်ကာ ဝင်္ကပါထဲမှ ထွက်ပြေးနိုင်သည်။ Han Yunxi ၏အဖွဲ့မှာ အသေးစိတ်ပုံစံများကို ရှာတွေ့ထားရမည်ဖြစ်သောကြောင့် သူ့တွင် ဤနေရာ၌ အားသာချက်များမရှိတော့ပေ။

ထွက်ပြေးရန်မှာ တစ်ခုတည်းသော ရွေးချယ်မှုပင်။

အကယ်၍ Han  Yunxi  မှာ Long  Feiye  ကို အဆိပ်သင့်ခြင်းမှ တားဆီးနိုင်ခဲ့လျှင်ပင် သူမက ကမ္ဘာကြီးကို မကာကွယ်နိုင်ပေ။ သူက လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ကိုနောင်တရစေမည်။

Bai Yanqing ၏ အကြည့်တွင်းသို့ ရေခဲတွေ စိမ့်ဝင်လာပြီး တုံ့ဆိုင်းနေခြင်းမရှိပဲ ပြောလိုက်သည်။ " Long Feiye ၊ ဒီအဘိုးကြီး ... ငါ့ကို သက်ညှာဖို့ တောင်းပန်ပါတယ်။ "

"Bai Yanqing၊ တကယ်လို့ ခင်များက မျက်နှာသာရဖို့ တောင်းပန်ရင် ခင်များရဲ့အပိုင်းကို ဆောင်ရွက်ပေးရမယ်။" Long Feiye မှ အေးစက်စွာပြောလိုက်သည်။

အမှန်တွင် Bai Yanqing အား ​​ကျောက်ဆောင်ထဲမှ ရုန်းထွက်နိုင်ရန် သူက မျှော်လင့်နေသည်။ မဟုတ်လျှင် သူနှင့် Han Yunxi မှာ  သူ့ကို ဘယ်လိုညှဉ်းပန်းနိုင်မည်လဲ။ အကယ်၍ ယနေ့ သူ့ကို အပေါက်များအပြည့်ဖြစ်အောင် ရိုက်နှက်ခြင်း မပြုနိုင်လျှင် Tang Li ၏ မျက်ရည်များ အလဟသတ် ဖြစ်သွားလိမ့်မည်။ Long Feiye မှာ တစ်ချိန်လုံး ဒေါသကို မျိုသိပ်ထားသော်လည်း ကန့်သတ်ချက်နှင့် နီးကပ်နေပြီဖြစ်သည်။ အကယ်၍ သူက Bai Yanqing အပေါ် ဒေါသ ဖွင့်ထုတ်နိုင်ခြင်း မရှိလျှင် ဘယ်သူ့ကို ရွေးရမည်လဲ။

"အရှင့်သား အိမ်ရှေ့စံ၊ ဒီအဘိုးကြီးက မင်းကို ခွင့်တောင်းပန်ပါတယ်။ ငါ့ကို ကျေးဇူးပြုပြီး လွှတ်ပေးပါ။" Bai Yanqing မှာ နောက်ဆုံးတွင်တော့ ကျိုးနွံဟန် ပြလာသည်။

ကံမကောင်းစွာဖြင့် Long Feiye မှာ မကျေနပ်ပေ။
"နောက်တစ်ခါထပ်ပြော…" သူက အမိန့်ပေးသံဖြင့် တောင်းဆိုလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now