အခန်း(၁၁၇၈)

268 26 4
                                    

အခန်း(၁၁၇၈)

ငါက ရူးသွပ်ပြီး သောက မီးတောက်နေရလိမ့်မယ်။







Han Yunxi နှင့် Long Feiye တို့နှစ်ဦးစလုံး စိတ်လှုပ်ရှားလာသည်။

သူတို့က Han Yunxi ၏ ဖောင်းနေသော ဗိုက်ကို စိုက်ကြည့်ကာ စောင့်ဆိုင်းနေသော်လည်း တုံ့ပြန်မှု မရှိပေ။ သို့တိုင် တိတ်တဆိတ် ကြည့်နေခြင်းအား မရပ်တန့်လိုက်ပေ။

ခဏအကြာတွင် Han Yunxi ၏ ဝမ်းဗိုက်မျက်နှာပြင်ပေါ်တွင် အဖုသေးသေးလေး ပေါ်လာလေသည်။ 

ကောင်ငယ်လေးမှ သောင်းကျန်းနေသည်ပင်​။

Long Feiye မှာ မထိန်းနိုင်တော့ပေ။ သူက နေရာကို လက်လှမ်းကာ ထိလိုက်သည် ။ ချက်ချင်းပင် မြင်ကွင်းတွင် နေရာမှ ပြန့်သွားတော့သည်။ 

ဤသည်မှာ ကိုးကြိမ်မြောက်ရှိနေပြီပင်။ 

Long Feiye မှာ ကလေး၏ လှုပ်ရှားမှုကို မျှော်လင့်နေခဲ့သော်လည်း အလုပ်များလွန်းသဖြင့် အကြိမ်ပေါင်းများစွာ လွတ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ ကိုယ်ဝန်နှောင်းပိုင်းတွင် မကြာခဏ ကန်ကျောက်တတ်သဖြင့်  နောက်ဆုံးတွင် ၎င်းတို့ကို လူကိုယ်တိုင် မျက်မြင်တွေ့ရရရန် ကံကောင်းလာခဲ့သည်။ ပထမတော့ သူက ကြည့်ရုံသာ ကြည့်နေသော်လည်း အကြိမ်အနည်းငယ်ပြီးနောက် ထိတွေ့ချင်စိတ် ပေါ်လာတော့သည်။ 

ကောင်ငယ်လေးမှာ ဆိုးသွမ်းနေသည်လား ကြောက်နေသည်လား မသိနိုင်သော်လည်း Long Feiye မှာ သူ့ကို ထိလိုက်ချိန်တိုင်း အမြဲတစေ ပုန်းနေလေသည်။

"ကိုးကြိမ်မြောက် ဟားဟား…" Han Yunxi မှာ ရယ်မောလိုက်သည်။ ကလေးမှ ကန်လိုက်တိုင်း သူမက သူ့ကို ထိလိုက်လျှင် သူက ပြင်းပြင်းထန်ထန် ကန်ကျောက်လာသည်။ သူက သူမ၏အထိအတွေ့များကို အလွန် နှစ်သက်ဟန်တူသည်။ သို့ရာတွင် Long Feiye ၏ အထိအတွေ့တွင်တော့ ဆန့်ကျင်ဘက်ရလဒ်များသာ ထွက်လာလေသည်။

"သူ ကိုယ့်ကိုကြောက်နေတာလား။" Long Feiye မှာ သိချင်စိတ် ပြင်းပြလာသည်။ သို့တိုင် သေချာ သိနိုင်ရန် နောက်ထပ် နှစ်နှစ်လောက် အချိန်ယူရဦးမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now