အခန်း(၁၁၈၂)

287 28 2
                                    

အခန်း(၁၁၈၂)

အက္ခရာတစ်လုံး ချီးမြင့်ခြင်း။






Long Feiye မှာ မျိုးရိုးနာမည်ကိစ္စကို ဘယ်တုန်းကမှ မပြောပြခဲ့သဖြင့် Han Yunxi မှာ အားလုံးကို မေ့နေခဲ့သည်။ ယခု ၎င်းမှာ သူတို့၏ အဖိုးတန်ရင်သွေးလေး၏ နာမည်ကို တိုက်ရိုက်ထိခိုက်စေတော့သည်။

သူမ၏ကိုယ်ပိုင်အမည်ပေးမှု စွမ်းရည်မှ သင်ခန်းစာများကိုဆွဲယူကာ Han Yunxi မှာ သားဖြစ်သူ၏ မျိုးရိုးအမည်ကိုမပြောင်းပဲ Long Feiye နှင့် သူ၏ငယ်အမည်ကိုသာ ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် ဧကရာဇ်မျိုးနွယ်၏ ဓလေ့ထုံးတမ်းများအရ တော်ဝင်မင်းသား၏အမည်များကို ဂရုတစိုက်ရွေးချယ်ရမည်ဟု မိန့်ဆိုထားသည်။ Long Feiye မှာ တစ်မျိုးကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးသင့်ပြီး ဗေဒင်ဆရာများမှ ၎င်းကို တွက်ချက်သင့်သည်။ သူ၏ ဘိုးဘေးများထံ မအပ်နှံရသေးသောကြောင့် သားဖြစ်သူ၏အမည်ပေးခြင်းကိစ္စကို နောက်ဆုတ်ထားရသည်။

Han Yunxi  မှာ ခဏကြာ စဥ်းစားပြီးနောက် ပြုံးလိုက်လေသည်။ "ဒီနေ့ ၁၅ ရက်နေ့ဆိုတော့ ဘာလို့ ၁၅ လေးလို့ ငယ်နာမည်မပေးတာလဲ။"

ကျောက်မားမား  နှင့် အခြားအစေခံများမှာ အံ့သြမှင်သက် သွားကြတော့သည်။ လူတိုင်းမှာ သခင်လေးငယ်ကို သနားကရုဏာသက်စွာ ကြည့်လိုက်ကြသည်။သူ၏မိဘများကို လုံးဝနားမလည်နိုင်သည့်အတွက် နှုတ်ခမ်းများမှာ ရံဖန်ရံခါ လှုပ်နေချိန်မှာ မျက်လုံးတွေမှာ အပြန်ပြန်အလှန်လှန် ကြည့်နေလေသည်။ သူ၏ တုံးအသော အပြုအမူများကြားမှ တစ်စုံတစ်ခုကို ကြံစည်နေဟန်တူလေသည်။ 

Long Feiye မှာလည်း Han Yunxi  ၏ ဆိုးရွားလွန်းလှသော အမည်ပေး စွမ်းရည်အတွက် အံ့အားသင့်နေလေသည်။ သူက မငြင်းနိုင်ခင်မှာ Han Yunxi မှ ရယ်မောပြီး ပြောလိုက်သည်။ “နောင်မှာ သူ့ရဲ့ငယ်နာမည်က မီးပုံးပွဲတော်ကနေ လာတယ်ဆိုတာ သူသိလာလိမ့်မယ်။ ဒါဆို ဘာလို့ သူ့ကို 'Yuanxiao' လို့ မခေါ်တာလဲ။ ယွမ်ရှောင်လေး…”

Long Feiye မှာ Gu Qishao ကို ရုတ်တရက် စဥ်းစားမိသွားတော့သည်။ သူ၏အမည်ရင်းမှာ "Gu Xiaoqi" (ကု ခုနှစ်ကလေး) ဖြစ်သင့်သည်။ အကြောင်းမှာ သူက သတ္တမမြောက်လ၏ ခုနစ်ရက်မြောက်နေ့တွင် မွေးဖွားသောကြောင့်ပင်။ Long Feiye မှာ Gu Beiyue ဖြင့် ဆက်သွယ်၍ မရသော်လည်း သို့မဟုတ်  လတ်တလော နေထိုင်နေသော အဆောင်များကို မေးမြန်းခြင်းမပြုသော်လည်း သမားတော်မှ သူ့ကို နောက်ဆုံးအကြိမ်တွင် ပေးခဲ့သည့် အချိန်ကန့်သတ်ချက်ကို သိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now