အခန်း(၁၀၀၂)

316 29 6
                                    

အခန်း(၁၀၀၂)

ဒါကြောင့် ရှင်က ကောင်းကောင်း အသက်ရှင်ရမယ်။








လက်တစ်ဖက်အမျိုးသားမှာ ရွေးချယ်စရာမရှိပဲ ဓားမီးအား ငြိမ်းသတ်ရန် ပြင်ဆင်လိုက်လျှင် မီးလုံးကြီးတစ်လုံးမှာ မီးတောက်များထဲမှ ကောင်းကင်ပေါ်ကို ပျံတက်သွားလေသည်။

ဒါဘာလဲ….

လူတိုင်းမှာ မီးလုံးထံ မျက်စိများ လိုက်ပါသွားကာ အံ့အားသင့်သွားကြသည်။ သို့သော်လည်း သစ်တောတစ်ခုလုံး လင်းထိန်သွားသည်အထိ ရေကန်မှ ဓားအရှိန်အဝါတစ်ခု ထွက်ပေါ်လာမည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ Long Feiye မှာ ဘေးဘက်သို့ လျင်မြန်စွာ လှည့်ကာ Han Yunxi ထံ ဓားအရှိန်အဝါအား တားဆီးကာ အလျင်စလို နောက်ပြန်ဆုတ်လာကြသည်။ လက်တစ်ဖက် အမျိုးသားမှာလည်း ပိုင်ရှင်အမျိုးသမီးအား အကာအကွယ်ပေးရင်း နောက်ပြန်ဆုတ်လာသည်။ Xu Donglin နှင့် Baili Mingxiang တို့မှာမူ တစ်လှမ်း နောက်ကျသွားပြီး ဓားချီကြောင့် ဒဏ်ရာများရရှိခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်တွင် အမာရွတ်များ ကျန်ရစ်ခဲ့ လေသည်။ 

သန်မာသောဓား အရှိန်အဝါမှာ ရေကန်ပေါ်တွင် ကြာမြင့်စွာ တောက်ပနေခြင်း မရှိပဲ အလယ်သို့ လျင်မြန်စွာ စုရုံးသွားကာ ရေမျက်နှာပြင်တွင် တောက်လောင်နေသော မီးတောက်များအားလုံး ဆွဲငင် လိုက်သည်။အဖြူရောင်ဓားအရှိန်အဝါနှင့် အနက်ရောင်မီးတောက်များမှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ မြင့်ချီနိမ့်ချီဖြင့် ခမ်းနားထည်ဝါစွာ ဖြန့်ကျက်ထားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ အားလုံးမှာ ဖမ်းစားခံလိုက်ရကာ ဒဏ်ရာတွေအားလုံးကိုပင် မေ့သွားကြတော့သည်။ 

Han Yunxi မှာ မီးလုံးထံ မော့ကြည့်ကာ ရေရွတ်လိုက်သည်။ "Long Feiye၊ အဲဒါ ချီကလေး ဖြစ်နိုင်မလား... ချီကလေး အသက်ရှင်နေသေးမလား။"

သူမ ပြောပြီးသည်နှင့် မီးတောက်များမှာ ဓားအရှိန်အဝါအား လွှမ်းမိုးကာ မီးလုံးကြီးမှာ ကောင်းကင်ပေါ်သို့ တက်သွားသည် ။ မီးတောက်မျှင်များမှာ ဘောလုံးထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ တောက်လောင်နေသော နေကဲ့သို့ တောက်ပလာသည်အထိ အရွယ်အစား ကြီးထွားလာခဲ့သည်။ မြင်ကွင်းကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြသော်လည်း မကြာမီပင် ဓားအရှိန်အဝါနှင့် လှိုင်းများမှာ ကြောက်မက်ဖွယ် လှိုင်းလုံးကြီးအဖြစ်သို့ ရုတ်တရက် တက်လာကြသည်။မိုးခြိမ်းသံများကဲ့သို့ပင်၊ ၎င်းတို့မှာ ရေကန်အလယ်တွင် စုရုံးနေကြပြီး ရေကန့်လန့်ကာတစ်ခုရှိ မီးလုံးဆီသို့ တိုးဝင်သွားကြသည်။ တုံ့ပြန်ရန်အချိန်မရှိလောက်အောင် မြန်ဆန်လွန်းသည်။ ပြင်းထန်လွန်းသော စွမ်းအားမှာ မည်သူမျှ မတားဆီးနိုင်ပေ။ ထူးဆန်းလွန်းလှသည့် ဖြစ်စဉ်အား လူတိုင်းမှာ အံ့သြထိတ်လန့်စွာ ကြည့်နေကြသည်။ ဓားအရှိန်အဝါမှာ မီးလုံးနှင့် တိုက်မိသွားသည်နှင့် နောက်ထပ် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ မီးတောက်များအားလုံး ငြိမ်းသွားလေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now