အခန်း(၁၀၉၉)

253 25 1
                                    

အခန်း(၁၀၉၉)

တစ်စုံတစ်ယောက်ကို အရေးနိမ့်စေရန် ချီးမွမ်းခြင်း။






စစ်သူကြီးမူမှာ Han Yunxi  ဖြင့် ဘယ်လို သဘောတူညီချက်မျိုး လိုချင်နေသည်လဲ။

ဓားစာခံ အလဲအလှယ်ပင်။

သူက မြို့တော်တွင်းမှ လူပေါင်း ၃၀,၀၀၀ အားလုံးကို Han Yunxi  တစ်ယောက်အတွက် လဲလှယ်မည်။ အကယ်၍ သူမ ငြင်းဆန်လျှင် သူက မြို့နေလူထုကို သတ်ပစ်မည်။ အကယ်၍ သူမ မြို့ထဲသို့ဝင်ရန် သဘောတူလျှင် ထျန်းအန်မြို့တော်အပေါ် ပိတ်ဆို့ထားမှုကို ရပ်တန့်ပြီး လမ်းကြောင်းအမျိုးမျိုး၌ လီမျိုးနွယ်မှ ဦးဆောင်သော တပ်ဖွဲ့အားလုံးကို လက်နက်ချစေမည်။ 

Han  Yunxi  တို့ အဖွဲ့မှ သတင်းကို လက်ခံရချိန်ဖြင့် တစ်ချိန်တည်းမှာပင် တိမ်တိုက်ကုန်းမြေကြီး တစ်ခုလုံးကြားသိလိုက်ပြီး ဖြစ်သည်။ စစ်သူကြီးမူမှာ မတူညီသောဒေသများတွင် ကင်းထောက် မည်မျှထည့်သွင်းခဲ့သည်ကို ကောင်းကင်မှသာ သိနိုင်သည် ။ မည်သို့ပင်ဆိုစေကာမူ၊ ဤကိစ္စမှာ Han Yunxi ၏အဖွဲ့ကို ကျောက်တုံးတစ်ခုနှင့် ခက်ခဲသောနေရာကြားတွင် ရောက်သွားစေသည်။ ဤသည်မှာ Long Feiye နှင့် Han Yunxi တို့၏ ဘဝတွင် တွေ့ကြုံဖူးသမျှ၌ အကြီးကျယ်ဆုံး တုန်လှုပ်ချောက်ချားမှု ဖြစ်သည်ဟု ဆိုရမည်။ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာစေရန်အတွက် စစ်သူကြီးမူ၏ ရည်ရွယ်ချက်အမှန်ကို သူတို့ အထင်မှားခဲ့ကြသည်။ 

လီမျိုးနွယ်မှာ ကမ္ဘာကြီးကို မလိုချင်ပဲ Han Yunxi တစ်ယောက်တည်းသာ အလိုရှိနေသည်။

ဘာကြောင့်လဲ။

သူတို့ ခန့်မှန်းရန် မလိုအပ်ပေ။ စစ်သူကြီးမူနှင့် Bai Yanqing မှ ဘယ်လိုပဲ ပူးပေါင်း လက်တွဲနေပါစေ၊ နောက်ဆုံးတွင် Han Yunxi ကို အမှန်တကယ် အလိုရှိနေသည်မှာ လီမျိုးနွယ် မဟုတ်ပဲ Bai Yanqing ပင်။ လက်ရှိတွင် Han Yunxi ၏အဖွဲ့မှာ ထျန်းအန်မြို့တော်မှ တစ်ရက်ကြာ ခရီးအကွာ တွင်ရှိနေသည်။ လေးယောက်စလုံးမှာ အမြင်များဖလှယ်ရန် တောင်လမ်းများပေါ်တွင် တိတ်တဆိတ် ရပ်နေကြသည်။အမျိုးသားသုံးယောက်စလုံး တိတ်ဆိတ်နေကာ Gu Qishao ပင် ထူးထူးခြားခြား လေးနက်နေဟန်ရှိသည်။ ဤတစ်သက်တွင် သူက ဘယ်တော့မှ မပြုံးနိုင်တော့သကဲ့သို့ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now