အခန်း(၁၀၁၃)

255 32 4
                                    

အခန်း(၁၀၁၃)

သူက ဝင်ဖို့ မဖြစ်နိုင်ဘူး။







Gu Qishao မှာ ရှေ့မှ လျှောက်လာစဉ် Han Yunxi နှင့် Long Feiye မှာ နောက်မှ လိုက်လာခဲ့သည်။ ဤလှိုဏ်ဂူထဲမှ သူမ၏ပထမဆုံးခရီးတွင်လည်း ရှေ့သို့ လျှောက်သွားရုံထက် ဘာမှမဟုတ်သည်ကို သတိရမိသည်။ နောက်တော့ လူတိုင်း ရုတ်တရက် ဖျားလာကြသည်။ ဒီတစ်ခါ သူတို့ကို ဘာက စောင့်နေမှာလဲ။

Gu Qishao မှာ ရုတ်​တရက်​ရပ်​တန့်လိုက်သည်။သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ညာဘက်မှ အမှောင်ထဲသို့ တိုးဝင်သွားသည်။ Han Yunxi နှင့် Long Feiye တို့မှာ သူ၏ နောက်မှလိုက်သွားရန် အခွင့်အလမ်း မရှိခဲ့ပဲ သူက မှောင်ရိပ်များမှ ဆေးဘက်ဆိုင်ရာ အလုပ်သင် အမျိုးသမီးတစ်ယောက်အား ဆွဲထုတ်လာလေသည်။

"လွှတ်… ရှင်ဘယ်သူလဲ။" 

"ရှင် ကျွန်မကိုဘယ်လိုတွေ့တာလဲ။ လွှတ်… ရှင်ဘယ်သူလဲ… ရှင်ဘယ်သူလဲ…”

Gu Qishao မှာ သူမ၏ ပါးစပ်အား ပိတ်ကာ လည်ပင်းအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီးနောက် ခက်ထန်လာသည်အထိ အလုပ်သင်မှာ ရုန်းကန်ပြီး စွပ်စွဲအော်ဟစ် နေသည်။ “ဆေးကို ဖယ်လိုက် ဒါမှမဟုတ် ဒီအဘိုးကြီးက မင်းရဲ့အဝတ်အစားတွေကို ဒီမှာပဲ ဖြဲပစ်လိုက်မယ်။”

Han Yunxi မှာ အံ့သြသွားသော်လည်း Long Feiye မှာ အကြည့် လွှဲလိုက်ပြီဖြစ်သည်။ Gu Qishao အကြောင်း သူက သိထားသည့်အရ ထိုအမျိုးသားမှာ အမျိုးသမီး၏ အဝတ်အစားများအား ကျိန်းသေ ချွတ်ပစ်လိမ့်မည်။ အလုပ်သင်မှာ ဆက်လက်ရုန်းကန်နေသောကြောင့် Gu Qishao မှာ သူ၏ လက်အား ရွှေ့ကာ သူမ၏အဝတ်အစားများ ချက်ချင်းဆုတ်ဖြဲလိုက်လျှင် သူမ၏ရင်ဘတ်အား ဖုံးအုပ်ထားသည့် ရင်ခံအပြင် ဘာမျှမကျန်တော့ပေ။ အံ့ဩသွားပြီးနောက် အမျိုးသမီးမှာ တုန်လှုပ်လာတော့သည်။

"ဆေးက ဘယ်မှာလဲ။" Gu Qishao မှာ သူမအား လွှတ်ပေးလိုက်ပြီး မေးလိုက်သည်။ သူက ခက်ထန်နေခြင်း မရှိတော့ပဲ စိတ်ရှည်စွာ ပြုံးပြလိုက်သည်။

“အဲတာ…အဲတာ…” အမျိုးသမီး၏ နှုတ်ခမ်းများမှာ တုန်ရင်နေသည်။ “အဲ့တာ.. အဲ့တာက လျှို့ဝှက်ခန်းဆီကို ဦးတည်တဲ့ ကျောက်တံခါးရဲ့ အတွင်းနံရံမှာ ရှိတယ်။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now