အခန်း(၁၀၄၇)
နင်ကျင်း…… နင် အရမ်းတော်တယ်။
Ning Jing မှ စိတ်ပူနေသည်ကိုမြင်လျှင် Mu Linger မှာ တည့်တိုးသာ ပြောနိုင်တော့သည် ။
"အစ်မကျင်း ဒီဆေးသုံးပြီးရင် နောက်ထပ် ကလေးထပ်မရနိုင်တော့ဘူး။"
Bai Yuqiao မှာ ထုတ်ဖော်မှုကြောင့် အံ့အားသင့်နေတော့သည်။ "အဲဒါက အဲ့လောက် အစွမ်းထက်တာလား။"
Ning Jing မှာ တိတ်ဆိတ်သွားသည်။ ၎င်းကိုမြင်လျှင် Mu Linger မှာ လျင်မြန်စွာ ပြောလိုက်သည်။ "အစ်မ ကျင်း၊ ကျွန်မဘာမှမပြောဘူးလို့ ဟန်ဆောင် နေလိုက်။ ကျွန်မတို့ မသုံးဘူး၊ ကျွန်မတို့ မသုံးဘူး။" သူမက ကိုယ့်ကိုကိုယ် ပါးရိုက်ပစ်ချင် နေသည်။
သူမလည်း ဆေးက အဆိပ်ပြင်းလွန်းသည်ဟု ခံစားနေရသည်။သို့သော် Ning Jing မှာ အလွန်တည်ငြိမ်နေသည်။ "မိန်းကလေး ပိုင်၊ Jun Yixie ရဲ့ သားဖွားဆရာမတွေ ရောက်ဖို့ ဘယ်နှစ်ရက်လိုသေးလဲ။"
“နောက်နှစ်ရက်။” Bai Yuqiao မှ ပြန်ဖြေလိုက်သည်။
“ကောင်းပြီ။” Ning Jing မှာ ခေါင်းညိတ်လိုက်သည်။ “လင်းအာ ငါ့ကို ဆေး လုပ်ပေး။ ဒီညသုံးမယ်။"
"မလုပ်နဲ့။" Mu Linger မှာ သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာကာ ငြင်းဆန်နေသည်။
Ning Jing မှာ သူမကို ဆွဲခေါ်ကာ မျက်ရည်များ ဂရုတစိုက် သုတ်ပေးလိုက်သည်။ “လင်းအာ လိမ်လိမ်မာမာနဲ့ ငါ့စကားကို နားထောင်…"
Mu Linger မှာ ခေါင်းလိုက်သည်။ "ဒါပေမယ့် အစ်မကျင်း နင့်ရဲ့အနာဂတ်ကရော။ တကယ်လို့ နင်က မိန်းကလေးမွေးရင် Tang Li ရဲ့မိဘတွေက နင့်ကို နှင်ထုတ်လိမ့်မယ်။"
Tang Li မှာ မျိုးနွယ်၏ တစ်ဦးတည်းသော အမွေဆက်ခံသူပင်။ အကယ်၍ Ning Jing မှာ မိန်းကလေးတစ်ဦး မွေးဖွားပြီးနောက် ထန်မျိုးနွယ်၏ အမွေကို ဆက်ခံမည့်သူမရှိတော့ပေ။ Tang Li ၏မိဘများနှင့် ထန်မျိုးနွယ် အကြီးအကဲများအားလုံးမှာ ၎င်းအား မည်သည့်အခါမျှ ရပ်တည်ခွင့်ပြုမည် မဟုတ်ပေ။ သူတို့က Ning Jing အတွက် အခက်အခဲများ ဖန်တီးက Tang Li ကို ထပ်မံလက်ထပ်ရန် အတင်းအကြပ် ဖိအားပေးကြလိမ့်မည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...