အခန်း(၁၁၀၀)
အစုလိုက်အပြုံလိုက် လူသတ်ခြင်း။ ဒီအဘိုးကြီးက ဘယ်သူ့ကို ကြောက်ရမှာလဲ။
ဤပြသနာဖြင့် ပတ်သက်၍ ဘာလုပ်ရမည်လဲ။
Long Feiye နှင့် Gu Qishao တို့မှာ Han Yunxi ကို တားဆီးရန် ရှေ့တွင် လက်နှစ်ဖက်ကို ဆန့်တန်းထားသည်။ သူမက Gu Beiyue ဆီသို့ အားကိုးရာမဲ့စွာဖြင့် ကြည့်ကာ မေးလိုက်သည်။ "Gu Beiyue ၊ Long Feiye ကို ဘယ်ရွေးချယ်မှုမှန်တယ်ဆိုတာကို ပြောပြလိုက်။"
Long Feiye မှာ မြောက်ပိုင်းစစ်ရေးခရီးကို ရွှေ့ဆိုင်းရန် ရွေးချယ်ရမည့်အချိန်တွင် Gu Beiyue မှာ ဆုံးဖြတ်ချက်ချရာတွင် ရက်စက်ကြမ်းကြုတ်မှုမျိုးမရှိပဲ အမှားနှင့်အမှန်သာ ရှိကြောင်း ပြောခဲ့သည်။အချုပ်အခြာအာဏာပိုင်၏ အခန်းကဏ္ဍမှာ လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန်သာဖြစ်သည်။ သို့တိုင်၊ မြောက်ပိုင်းစစ်ရေးခရီးသည်ပင် ယခု သူတို့က ရင်ဆိုင်နေရသော အကျပ်အတည်းကဲ့သို့ စစ်မှန်သော အချုပ်အခြာအာဏာပိုင်၏ ရွေးချယ်မှုနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
အကယ်၍ သူတို့က လက်လျှော့လိုက်လျှင် နိုင်ငံတော်ကိုဆုံးရှုံးရရုံသာမက ပြည်သူတို့၏စိတ်နှလုံးကိုပါ ဆုံးရှုံးရလိမ့်မည် ။
အကယ်၍ အခြားမည်သူမဆိုဖြစ်နေလျှင် Gu Beiyue မှာ သူ၏တည်ငြိမ်မှုနှင့် ဆီလျော်မှုကို ထိန်းသိမ်းထားနိုင်လောက်သော်လည်း ယခုတစ်ကြိမ်မှာ Han Yunxi နှင့် ပတ်သက်နေသည်။ သူက နတ်ဘုရားတစ်ပါးမဟုတ်ပေ။ သူက ဘယ်လို ရက်စက် အေးစက်နိုင်မည်လဲ။ တည်ငြိမ် နေနိုင်မည်လဲ။ သူက လိုအပ်သည်အားလုံးကို ပြောထားပြီးဖြစ်၍ ဘာမှ ထပ်မပြောတော့ပေ။
“အဆိပ် ကောင်မလေး သွားကြရအောင်။ ငါတို့က ဒီနေရာစုတ်ကို ထားခဲ့မယ်။ ငါက စုံစမ်းပြီးပြီ။ ဆောင်းကျီးပြည်ရဲ့ နှင်းထူထပ်တဲ့ တောင်တွေရဲ့မြောက်ဘက်မှာ အေးခဲနေတဲ့ပင်လယ်တစ်ခုရှိတယ်။ အဲ့တာကို ကျော်သွားရင် တိုက်ကြီးအသစ်တစ်ခုဖြစ်လိမ့်မယ်။ ငါတို့အဲဒီကိုသွားပြီး တိမ်တိုက်ကုန်းမြေကြီးက အတူတူထွက်သွားကြမယ်။" Gu Qishao မှာ ကျယ်လောင်စွာ ကြေငြာလိုက်သည်။ “ငါတို့အားလုံး သေသွားပြီလို့ သတင်းဖြန့်ဖို့ လူတွေ လွှတ်လိုက်။ Mu Yuanbo က လုပ်ချင်သလို လုပ်ပါစေ။ နိုင်ငံတော်ဆိုတာ လိုချင်တဲ့သူဆီ သွားလိမ့်မယ်။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...