အခန်း(၁၁၈၄)
ကောင်းတဲ့ လက္ခဏာတွေပဲ။
Tang Li မှာ Ning Jing ကို မြင်းလှည်းပေါ်မှ ချပေးနေသည်ကို Long Feiye မှ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူက Tang Li ၏မျက်နှာကို မကြည့်ပဲ သူ၏ နောက်ကျောနှင့် လှုပ်ရှားမှုများကိုသာ ကြည့်နေသည်။ မြင်ကွင်းက သူ့ကို Tang Li မှ ရူးသွပ်ဟန်ဆောင်နေသည်ဟု ထင်မှတ်လုနီးပါး လှည့်စားနိုင်သည်။ Tang Li မှာ သတိလွတ်နေဆဲ၏ ဖြစ်သော်လည်း Ning Jing ၏ ရှေ့တွင် ခင်ပွန်းတစ်ယောက်ကဲ့သို့ ပြုမူနေဆဲပင်။
Ning Jin မှာ ဆင်းလာပြီးနောက် Tang Li ၏လက်ကို ကိုင်ကာ ပြောလိုက်သည်။ "ဒါက အရှင့်သား၊ ရှင့်ရဲ့အစ်ကိုကြီး။ သူက ကျွန်မတို့ရန်သူမဟုတ်ဘူး။”
Tang Li မှာ Long Feiye ကို ပြန်ကြည့်လာသော်လည်း တုံ့ပြန်ခြင်း သို့မဟုတ် စကားပြောလာခြင်း မရှိချေ။ သို့သော် သူ၏ မျက်လုံးများမှ ရန်လိုမှုများ ပျောက်ကွယ်သွားသည်။ သူက လူတိုင်းနှင့် နှုတ်ဆိတ်နေသော်လည်း Ning Jing ၏ စကားများကို နားလည်နိုင်ဆဲဖြစ်သည်။ ဆိုလိုသည်မှာ သူက ၎င်းတို့ကို နားထောင်လိုသည်ဟု ဆိုလိုသည်။ ၎င်းမှာ ကောင်းသော လက္ခဏာတစ်ရပ်ပေ။
“သွားကြရအောင်။” Long Feiye မှ ပြောလိုက်လေသည်။
Ning Jing မှာ မြင်းလှည်းသို့ ပြန်မတက်တော့ပဲ Tang Li ကို သူမနှင့် အတူ ခေါ်ကာ Long Feiye ၏ နောက်မှ ခြေလျင်လျှောက် လာသည်။ သူမလက်များကို သူ၏ လက်နှစ်ဖက်အား ကိုင်ကာ Long Feiye ၏ ဘေးတွင် လျှောက်လှမ်းစေခဲ့သည်။ Tang Li သည် မကြောက်သော်လည်း ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း သူ၏ အမူအရာက ဗလာဖြစ်နေဆဲပင်။ Long Feiye မှာ တစ်နေရာတွင် ရပ်တန့်လိုက်သည်အထိ ခရီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ Ning Jing မှာ သူနှင့်အတူ ရပ်လိုက်သော်လည်း Tang Li မှာ ဆက်လျှောက်သွားလေသည်။
သူက သတိမထားမိခဲ့ခြင်း မဟုတ်ပဲ သူတို့နှင့် အတူပူးပေါင်းရန် လုံလောက်စွာ အသိစိတ် မရှိခြင်းပင်။Ning Jing မှာ လှမ်းခေါ်ရန် ပြင်လိုက်လျှင် Long Feiye မှာ သူမကို တားရန် လက်မြှောက်လိုက်သည်။ဤကဲ့သို့ပင်၊ သူတို့က Tang Li ၏ နောက်မှ လျှောက်လာကာ ကျန်ခရီးကို အဆုံးသတ်လိုက်သည်။သူ့ကိုယ်သူ လှည့်စားရန် ကြိုးစားနေခြင်း မဟုတ်သည့်တိုင် Tang Li ၏ ရင်းနှီးသော ကျောပြင်ကို မြင်လိုက်ရခြင်းမှာ သူ၏ လေးလံသော နှလုံးသားကို ပို၍ သက်တောင့်သက်သာ ဖြစ်စေ လေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...