အခန်း(၁၀၂၆)
တစ်ယောက်က မင်းကို ကာကွယ်ပေးနေတယ်။
ကျားထောင်တွင် ပိတ်လှောင်ခံထားရပြီးနောက်၊ ဦးလေးချန်မှာ သူ၏အခန်းတွင်သာ နေ့ရက်အများစု ကုန်ဆုံးခဲ့သည်။ သူက ခြံဝန်းထဲမှပင် ထွက်လာခဲသည်။ အခြားသူအတွက် စွန့်စားရန်မှာ အလွန်နည်းပါးလှသည်။မန်နေဂျာ Jin မှာ ပုန်းနေရန် ပြင်လိုက်စဥ် ဦးလေးချန်မှာ သူ့ကိုတွေ့ပြီးနောက် ဆင်းလာရန် လက်ဟန်ပြလိုက်သည်။ သူတို့က လုပ်ဖော်ကိုင်ဖက်များဖြစ်ခဲ့ကြသော်လည်း ဘုံအကြောင်းအရာများကို ပြောဆိုရန် မတွေ့ခဲ့ကြပေ။
Su Xiaoyu ထံ သွားဟန်ပြင်နေသည့် ရည်ရွယ်ချက်အား စုံစမ်းရန် ပျင်းလွန်းနေသည့် မန်နေဂျာ Jin ၏ အမူအရာမှာ သံသယဖြစ်စရာ မလိုပေ။ ခြံဝန်းထဲသို့ လျင်မြန်စွာ ခုန်ဆင်းပြီး သူ၏ အခန်းများသို့ ပြန်ဝင်သွားလိုက်သည်။ သူက မရှိတော့သည်နှင့် ဦးလေးချန်မှာ သူ၏ ယခင်က တည်ငြိမ်မှု ဆုံးရှုံးသွားတော့သည်။Bai Yuqiao မှ သူ့အား ဖမ်းမိသွားမည်အား စိုးရိမ်ကာ သူ၏ ခြံဝန်းဆီ အလျင်အမြန် ပြန်ပြေးသွားတော့သည်။ သူက ဒီမှာ စောင့်နေတာ ကြာပြီ။ သူ အခုမလှုပ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်။
လက်ရှိတွင်၊ Bai Yuqiao မှာ Jun Yixie ၏ စစ်ဆေးရေးမှူးများအား ပရောပရီလုပ်ခြင်း နှင့် ငွေတို့ဖြင့် ပေါင်းစပ်အသုံးပြု၍ ဖြေရှင်း ပြီးဆုံးသွားခဲ့သည်။ခက်ခက်ခဲခဲဖြင့် သူမက Su Xiaoyu အား ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းမှ လွတ်မြောက်စေလိုက်နိုင်သည်။ သူမက သတိလက်လွတ်မနေဝံ့ပဲ ထိုသူများအား ကိုယ်တိုင်ကိုယ်ကျ သေချာ လိုက်ပို့ပေးကာ ပြန်လှည့်လာသည်။ သို့သော် သူမ ပထမဆုံးမြင်လိုက်ရသည်မှာ Su Xiaoyu မှာ အဝေးရှိ တံခါးဝမှ သူမအား စိုက်ကြည့်နေသည်။ Bai Yuqiao မှာ မမြင်ဟန်ဆောင်နေသော်လည်း Su Xiaoyu မှာ ရုတ်တရက် အော်လိုက်လေသည်။ "Bai Yuqiao၊ ဒီကိုလာ၊ ကျွန်မ ရှင့်ကိုမေးစရာရှိတယ်!"
ဒီကောင်မလေးက သေဖို့လမ်းရှာနေတာ…..။
ရွေးချယ်စရာမရှိပဲ Bai Yuqiao မှာ ချဉ်းကပ်သွားရ တော့သည်။ Su Xiaoyu မှာ ကျယ်လောင်လွန်းသဖြင့် အကယ်၍ သူမက အနီးရှိ အစောင့်များအား သတိပေးမိလျှင် ပြသနာတက်လိမ့်မည် ။ သူမက အနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် Su Xiaoyu မှာ သူမ၏ ဖုံးကွယ်ထားသော အခန်းများဆီသို့ မရောက်မချင်း ခြံဝန်းထဲသို့ ပြေးသွားသည်။ Bai Yuqiao ၏ မျက်လုံးများမှာ အထဲသို့ မလိုက်မီ ရှုပ်ထွေးသွားတော့သည် ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...