အခန်း(၁၁၁၈)

221 25 2
                                    

အခန်း(၁၁၁၈)

သတိ။ အကြောင်းပြချက်လိုအပ်နေတယ်။







Gu Beiyue မှာ သူမ၏ကိုယ်ဝန်အကြောင်းကို ကြာမြင့်စွာတည်းက သိရှိထားကြောင်း Han Yunxi မှ မသိသော်ငြား စတုတ္ထသခင်မလေးရမ်၏ ဆေးစာညွှန်းကို Long Feiye မှ ဖတ်ပြီးနောက် အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်လိမ့်မည်ဟု သူမ သေချာနေသည်။ Bai Yanqing တွင်  Duanmu Yao သာ အနားတွင် ရှိနေသော်လည်း သူမက သေချာပေါက် သူနှင့်အတူရှိနေရန် မလိုပေ။ သူမ ကိုယ်ဝန်ပျက်လုနီးဖြစ်ခဲ့ကြောင်းကိုလည်း သူက သတိပြုမိစရာ မလိုပေ။ ကျန်ဓားစာခံများမှာလည်း သူမမှလွဲ၍ ကလေးမရနိုင်ပေ။ 

Long Feiye မှာ သတင်းကြားရလျှင် ပျော်ရွှင်နေသင့်သော်လည်း ထိုအခြေအနေများက သူ့ကို စိတ်ဆင်းရဲစေလိမ့်မည်။ သူမ ကိုယ်ဝန်ပျက်ကျလုနီး ဖြစ်ခဲ့သည်ကို သိပြီးနောက် သူက မည်မျှ စိတ်ပူနေမည်လဲ။တစ်ချိန်လုံး သူ့ကို အံ့အားသင့်စေရန် ပြင်ဆင်နေခဲ့သော်လည်း အထိတ်တလန့်သာ ဖြစ်စေခဲ့သည်။သူမ၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် စတုတ္ထ သခင်မလေးရမ်မှ သူမ၏ကိုယ်ဝန်အကြောင်းအတွက် အချိန်ကာလကို ရှင်းလင်းပြတ်သားစွာဖော်ပြပြီးနောက် အခြားကြောက်စရာကောင်းသည့်အချက်အချို့ကို သိရှိလာစေသည်။ 

ဆယ်လ ကိုယ်ဝန်ဟု လူများမှ ဆိုကြသည့်တိုင် အများဆုံးမှာ ကိုးလလောက်သာ ကြာမြင့်လေသည်။ သူမ၏ မီးဖွားရန် ခန့်မှန်းရက်မှာ သူမ၏ စုံတွဲကျင့်ကြံမှု နောက်ဆုံးရက်နှင့် တိုက်ဆိုင်နေသည်။ အကယ်၍ သူမက ထိုစုံတွဲကျင့်ကြံမှု မပြီးမြောက်နိုင်ခဲ့လျှင် သူမ၏နောက်ဆုံးလအနည်းငယ်တွင် မော့ရှဲ့ဓားကို ကိုင်တွယ်နိုင်ပါ့မလား မသေချာပေ။

စိတ်ပူစရာ များလှသည်။

Long Feiye မှာလည်း တူညီသောအရာကို စဥ်းစားနေမည်မှာ သေချာပြီး သူမထက် ပို၍ ထိတ်လန့်နေပေလိမ့်မည်။ သူတို့က မော့ရှဲ ဓားကို သွန်းပြီးနိုင်မလားပင် ဘယ်သူသိမည်လဲ။

ငါတို့ ဘယ်တော့ပြန်ဆုံနိုင်မလဲ။

Han Yunxi မှာ စိတ်ရှည်သည်းခံနိုင်သူဟု ဆိုနိုင်သော်လည်း စတုတ္ထ သခင်မလေးရမ်မှ ရောက်ရှိလာပြီးတည်းက သူမ၏ စိတ်ကို ထိန်းကျောင်းရန် ခက်ခဲနေခဲ့သည်။ အပေါ်ယံတွင် တည်ငြိမ်နေဟန်​​ တူသော်​လည်း သူမ လျင်မြန်စွာ ​​ပေါက်​ကွဲလာနိုင်သည်​။ Long Feiye ၏အဖွဲ့မှာ "ကမ္ဘာလေညှင်းလွန်" မှ အရာရာကို ခန့်မှန်းပြီး သူတို့ကို အလျင်အမြန်ကယ်တင်ရန် သူမ ဘယ်လောက်မျှော်လင့်ထားသည်လဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now