အခန်း(၁၀၉၃)

240 28 0
                                    

အခန်း(၁၀၉၃)

မင်းသမီး၏ ပြင်းထန်သောပြစ်ဒဏ်။






Ning Cheng မှာ Gu Beiyue ၏လက်ကို ကိုင်လိုက်သည်။ သူက စကားမပြောသော်လည်း Gu Beiyue မှာ သူ့ကို နားလည်နိုင်သဖြင့် အနည်းငယ်ပြုံးကာ သူ့ထံ ကြည့်လိုက်သည်။ ထိုသည်ကိုမြင်လျှင် Ning Cheng မှာလည်း ပြုံးပြလိုက်သည်။

"ဟီးဟီး၊ Gu Beiyue!"

Ning Cheng မှာ အရိပ်မျိုးနွယ်၏ တည်ရှိမှုအကြောင်း ကိစ္စများကို နားလည်နိုင်ရန် လုံလောက်စွာ အရွယ်ရောက်လာချိန်တည်းက သင်ကြားခဲ့ရသည်။ ဒီ နှင့် ယို့မျိုးနွယ် တို့မှ မဟာမိတ်ဖြစ်နေဆဲအချိန်တွင် သူက ဤအမျိုးသားကို မြင်ဖူးခဲ့သည်။ ယို့မျိုးနွယ် ၏ဓားစာခံမှာ သူက နှစ်ပေါင်းများစွာ အသဲအသန်ရှာဖွေခဲ့သည့် အရိပ်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ကြောင်း ဘယ်လိုသိနိုင်မည်လဲ။

ယခုတော့ ဘာမှမပြောပဲဖြင့်လျှင် Gu Beiyue မှ သူ့ကို ပေါက်ကွဲမှုများမှ ကယ်တင်ခဲ့သူမှန်း သိနိုင်သည်။Gu Beiyue ၏ အရိပ်ပညာမရှိလျှင် ထိုညတွင်  ကမ္ဘာပေါ်ရှိ အခြားမည်သူမှ လုပ်ဆောင်နိုင်စွမ်း မရှိနိုင်ပေ။

"Gu Beiyue...Gu Beiyue... ဆိုတော့ မင်းပေါ့… ဟားဟား။.." ရယ်မောခြင်းမှာ သူ၏ ဒဏ်ရာများကို ပို၍ ဆိုးလာစေနိုင်သော်လည်း Ning Cheng မှာ ကျယ်လောင်စွာ ရယ်မောလိုက်ဆဲပင်။ 

Gu Beiyue ၏အပြုံးမှာမူ ဝေဝါးသွားတော့သည်။အကယ်၍ ဒီမျိုးနွယ်မှ  အလွန်သစ္စာရှိကြောင်း အတိတ်တွင် သူက သိခဲ့မည်ဆိုလျှင်၊ သူတို့က ဤမျှလောက် နားလည်မှုလွဲသွားမည်မဟုတ်ပေ။ Ning Cheng မှာ ပြုံးကာ ကုတင်ပေါ်မှ ဆင်းရန် ကြိုးစားလိုက်သော်လည်း Gu Beiyue မှ သူ့ကို အလျင်အမြန် တားလိုက်လေသည်။

"နင်မျိုးနွယ်ခေါင်းဆောင်၊ မင်းက ဒဏ်ရာရနေတုန်းပဲ။ နောက်ရက်နည်းနည်းလောက်ကြာအောင် အိပ်ရာကနေ မရွှေ့တာ ပိုကောင်းလိမ့်မယ်။”

Ning Cheng မှာ အလေးအနက်ဖြင့် ကုတင်ပေါ်မှ ဆင်းရန် ခေါင်းမာနေသည်။ သူက မင်းသမီးဖြင့် တွေ့ချင်သည်ဟု ယူဆကာ Gu Beiyue မှာ သူ့ကို တွဲပေးရန်သာ လှုပ်ရှားနိုင်ခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now