အခန်း(၁၁၁၃)

253 26 2
                                    

အခန်း(၁၁၁၃)

သတင်းဘယ်လို ပို့လိုက်လဲ။






ကျောက်တံခါးကိုပိတ်ပြီးနောက် Han  Yunxi မှာ နံရံအား မှီကာ ပျော့ခွေသွားသော စတုတ္ထ သခင်မလေးရမ်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။ သူမ၏ ခြေထောက်များမှာ ယခုအခါ ဂျယ်လီဖြစ်သွားသကဲ့သို့ပင်။ 

ကြောက်စရာကောင်းလွန်းတယ်။ ငါက သေရေးရှင်ရေး တော်တော်များများ ဖြတ်သန်းခဲ့ဖူးပေမယ့် ဒီကိစ္စလောက် အန္တရာယ်မရှိခဲ့ဖူးဘူး။

Han Yunxi မှာ ပြုံးပြီး ဆေးပညာသင်တန်းကျောင်းမှ သူမ၏ အစောပိုင်းကာလများကို ပြန်တွေးမိသည်။ အဆိပ်သင့်နေသူတစ်ယောက်ကို ပထမဆုံး ကယ်တင်ခဲ့သည့် အချိန်တွင် သူမလည်း အလားတူ တုံ့ပြန်ခဲ့သည်။ သမားတော်တစ်ဦး၏ တည်ငြိမ်မှုနှင့် အေးချမ်းမှုမှာ သေရေးရှင်ရေးများအား အကြိမ်ကြိမ် ဖြတ်သန်းကာ လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ ဆေးဘက်ဆိုင်ရာအမျိုးသမီးများ အထူးသဖြင့် သင်ယူမှုနှင့် အတွေ့အကြုံရှိသူများမှာ မည်သည့်ကဏ္ဍတွင်မှ ချို့တဲ့မည်မဟုတ်ပေ။ 

Ning Jing မှာ စတုတ္တသခင်မလေးရမ်ကို ထရန် အလျင်အမြန်ကူညီပြီး တီးတိုးပြောလိုက်သည်။ "ကောင်းတယ်။ မကြောက်နဲ့။"

တစ်စုံတစ်ယောက်မှ တွဲထားပေးလျှင် စတုတ္ထ သခင်မလေးရမ်မှာ  အနည်းငယ် စိတ်လျှော့ကာ Han  Yunxi ဆီသို့ လျင်မြန်စွာ လျှောက်လာသည်။ "မင်းသမီး၊ အရှင့်သား အိမ်ရှေ့စံ၊ သင်တန်းကျောင်း ကျောင်းအုပ် ပေယွဲ့ နဲ့ ကျန်တဲ့သူတွေက မင်းသမီးကို နေရာအနှံ ရှာနေကြတယ်။"

စတုတ္ထ သခင်မလေးရမ်မှာ သင်တန်းကျောင်း ကျောင်းအုပ် ပေယွဲ့မှ သူမ၏ကိုယ်ဝန်အကြောင်းကို သိထားပြီးဖြစ်သည့်အချက်ကို ထုတ်ဖော်ပြောဆိုမိလုနီးနီး ဖြစ်သွားသည့်တိုင် အချိန်မီရပ်တန့်လိုက်သည်။သင်တန်းကျောင်း ကျောင်းအုပ်မှာ ဘာကြောင့် ဤသို့သော အဖြစ်မှန်ကို ဖုံးကွယ်ထားရမှန်း သူမ သေချာမသိသော်လည်း အကယ်၍ အရှင့်သား အိမ်ရှေ့စံမှ သိသွားလျှင်တော့ သင်တန်းကျောင်း ကျောင်းအုပ် ပေယွဲ့မှ  ဒုက္ခကြီးဖြစ်သွားနိုင်မှန်း သူမ သိနိုင်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now