အခန်း(၁၀၅၅)
လျှို့ဝှက်စာတွေကို ဘယ်သူရလဲ။
Long Feiye မှာ အသံများကြားသည်နှင့် တစ်ပြိုင်နက် ဂူထဲမှ ပြေးထွက်သွားသော်လည်း ဘေးပတ်ဝန်းကျင်တွင် မည်သူမှ မတွေ့ရတော့ပေ။ Han Yunxi နှင့် ကျန်သူများမှာ မကြာမီ နောက်မှ လိုက်လာကြသော်လည်း သူက ငြိမ်သက်နေကြရန် လက်ဟန်ပြလိုက်သည်။ သတိထားပြီး မြက်ခင်းပြင်ထဲသို့ ခြေလှမ်း တစ်လှမ်းချင်း လှမ်းကာ ချဥ်းကပ်သွားလိုက်သည်။ သို့ရာတွင် အနီးကပ်သွားလိုက်သည့်တိုင်အောင် လျှို့ဝှက်လူမှာ မလှုပ်ရှားပေ။ မကြာမီတွင် Long Feiye မှာ သွေးရနံ့ ရလိုက်ပြီး ပို၍ပင် သတိကြီးလာသည်။
သူက ရပ်တန့်ကာ ဓားထုတ်လိုက်သည်။
တုံ့ပြန်မှုအနေဖြင့် ထိုသူမှာ အော်ဟစ်လာလေသည်။ “သခင်ကြီး၊ သခင်ကြီး.. ကျွန်တော်ပါ… သခင်ကြီး ကျွန်တော်ပါ။”
Long Feiye မှာ ထိတ်လန့်သွားပြီး Han Yunxi နှင့် ကျန်သူများမှာ အံ့အားသင့်သွားကြသည်။ အားလုံးမှာ Chu Xifeng ၏ အသံကို မှတ်မိနိုင်ကြသည်။
"ခေါင်းဆောင်..” Xu Donglin မှာစိတ်လှုပ်ရှားနေကာ မြင့်မားသော မြက်တောထဲသို့ ပထမဆုံး တိုးဝင်သွားလေသည်။ တွားသွားတစ်ဝက်၊ ပြေးတစ်ဝက်ဖြင့် သူက Chu Xifeng ၏နံဘေးတွင် ထိုင်လိုက်သည်။
Long Feiye မှာလည်း အနီးသို့ ရောက်လာပြီး Chu Xifeng အား မြင်ရလျှင်တော့ မျက်ခုံးကျုံ့လိုက်လေသည်။ Han Yunxi နှင့် ကျန်လူများမှ မီလာချိန်တွင်လည်း အံ့အားသင့်သွားကြတော့သည်။ "ဘာ...ဘယ်လိုဖြစ်တာလဲ။"
Chu Xifeng မှာ ဆိုးရွားသောအခြေအနေတွင် ရှိနေပြီး ဆံပင်များ ရှုပ်ပွကာ မျက်နှာမှာလည်း ညစ်ပတ်နေသည်။ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး တစ်ကိုယ်လုံးမှာ ပွန်းပဲ့နေကာ နီရဲရောင်ယမ်းနေသည့် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။ Han Yunxi ၏ မျက်လုံးများမှာ သူ၏ ခြေထောက်များသို့ လှမ်းကြည့်လိုက်လျှင် အရိုးများ ကျိုးနေသည်ကို တစ်ချက်တည်း သိလိုက်သည်။ ထို့အပြင် ၎င်းတို့မှာ ဒဏ်ရာဟောင်းများပင်။
Chu Xifeng မှာ Long Feiye ၏အကြည့်ကြောင့် စိတ်လှုပ်ရှားသွားသော်လည်း Han Yunxi ၏မျက်လုံးများဖြင့် မတွေ့ဝံ့ပဲ အဝေးသို့ကြည့်ကာ စိတ်တွင်း၌ ရှုပ်ယှက်ခတ်နေသည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Ficción histórica** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...