အခန်း(၁၀၁၅)

271 31 4
                                    

အခန်း(၁၀၁၅)

မီးဖိုက စုံတွဲ ဖြစ်နိုင်မလား။





ဆေးမီးဖိုသခင်၏ အကြည့်များမှာ အေးစက်သွားကာ Gu Qishao ဆီသို့ မီးလုံးအား ပစ်လွှတ်လိုက်သည်။
 
"အဘိုးကြီး၊ ခင်များက မီးနဲ့ ဘယ်လိုကစားရမှန်းသိတာပဲ.. အိုင်း…” Gu Qishao မှာ အော်ဟစ်ရင်း အံ့သြဟန်ဆောင်ကာ လမ်းမှ ခုန်ချလာသည်။ တစ်ချိန်တည်းမှာပင် ဆေးမီးဖိုသခင်မှာ ဆေးမီးဖိုဆီသို့ ပျံသန်းသွားခဲ့သည်။ Gu Qishao ၏အံ့အားသင့်မှုမှာ ဤသူမှာ သူ၏တပည့်ဟောင်းမဟုတ်ကြောင်း ယုံကြည်ချက်အား ပိုမိုခိုင်မာစေသည်။

ဝမ်းနည်းပူဆွေးမှုများမှာ သူ၏ မျက်လုံးများတွင် တဖျပ်ဖျပ်ခတ်သွားပြီးနောက် Gu Qishao မှ ထိုင်ခဲ့သည့် နေရာတွင် ဒူးထောက်ထိုင်ပြီး ကျန်ရစ်ခဲ့သော အရာများအား စစ်ဆေးလိုက်သည်။ သူက မီးဖိုအား စစ်ဆေးနေသူတစ်ဦးနှင့် မတူပဲ သူ၏ အနှစ်သက်ဆုံးကလေးအား ပွေ့ဖက်ထားသူ တစ်ယောက်ကဲ့သို့ပင်။Gu Qishao မှာ ကြည့်နေခဲ့ပြီး သူ၏အပြုံးမှာ တဖြည်းဖြည်း ရေခဲကဲ့သို့  ပြောင်းလဲလာသည်။သို့သော် သူက မျက်လုံးများကို မလွှဲပဲ ဆက်၍စိုက်ကြည့်နေသည်။ 

အရာအားလုံးကို ကိုင်တွယ်ပြီးသည်နှင့် ဆေးမီးဖိုသခင်မှာ ခေါင်းမော့ကာ Han Yunxi၊ Long Feiye နှင့် Gu Qishao တို့အား စူးစမ်းလိုက်သည်။ စကားတစ်လုံးချင်း သူက ပြောလိုက်သည်။ “ဒီအချိန်ပြီးရင် မင်းတို့သုံးယောက်က တစ်ယောက်မှ ဒီအဘိုးကြီးဆီမှာ ထပ်ပြီး မျက်နှာသာပေးဖို့ လာမတောင်းသင့်ဘူး။”

တစ်နည်းဆိုရသော် သူက Han Yunxi  ၏အဖွဲ့မှ ဆေးလုံးတစ်လုံး ထပ်မံပြုလုပ်ရန် တောင်းဆိုမှုအား ဘယ်တော့မှ လက်ခံမည်မဟုတ်ပေ။

“အဘိုးကြီး၊ ဒီတစ်ခါ ဆေးတွေကိုသာ အရင် ပြီးအောင်လုပ်ပါ။ မဟုတ်ရင်... ခင်များကော မီးဖိုကော နောက်တစ်ကြိမ်အထိ အသက်မရှင်နိုင်ဘူးလို့ ဒီအဘိုးကြီးက ကတိပေးတယ်။” Gu Qishao မှာ ရယ်မောကာ ခြိမ်းခြောက် လိုက်သည်။

ဆေးမီးဖိုသခင်မှာ သူ့ကို စိုက်ကြည့်ရုံအပြင် ဘာမှမလုပ်တော့ပဲ သူနှင့် စကားပြောရခြင်းမှာ ငြီးငွေ့နေပြီ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ဆေးမီးဖိုသခင်မှာ Gu Qishao အား ကြည့်ပင်မကြည့်ချင် တော့ပေ။ နည်းနည်းမှမဟုတ်​ဘူး!!! သူက မီးဖိုပေါ်၌ ရပ်ကာ မီးဖိုအဖုံးမှ လေထဲသို့ ဖြည်းညှင်းစွာ တက်လာသည်အထိ လက်များ ဆန့်တန်းလိုက်သည်။ လေထုအလယ်မှာ ပျံဝဲနေချိန်တွင်တော့ မြင်းထိုင် ထိုင်ကာ သူ၏ အတွင်းအားများ ဖြန့်ဝေရန် သွားများ အံကြိတ်ရင်း လက်ချောင်းများ တွဲထားသည်။ တဖြည်းဖြည်းဖြင့် သူ၏ လက်အောက်ရှိ မီးလုံးကြီးမှာ အသက်ဝင်လာပြီး  သူက စွမ်းအင်များ ထပ်ဖြည့်လိုက်သည်နှင့် ပို၍ ပြင်းထန်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now