အခန်း(၁၀၁၇)
သူက သူမထက် တည်ငြိမ်နေတယ်။
ဆေးမီးဖိုသခင် က Long Feiye ကို နေရာမှာ သုံးရက်နဲ့ သုံးညလောက် ဆက်ထိန်းထား စေချင်တာလား။ထိုသို့ဆိုလျှင် Han Yunxi နှင့် သူက မည်သို့ စုံတွဲကျင့်ကြံနိုင်မည်လဲ။
နှစ်ယောက်မှ မကန့်ကွက်နိုင်ခင် Gu Qishao မှ စကားစလိုက်သည် ။ “အဘိုးကြီး… အခု ဘယ်လို လှည့်ကွက်တွေ ကစားနေပြန်ပြီလဲ။ တကယ်လို့ သူက သုံးရက်သုံးညလောက် မထိန်းရင် ဘာဖြစ်သွားမလဲ။”
ဆေးမီးဖိုသခင်မှာ သူ၏ အတွင်းအားမှ မီးအဖြစ်သို့ ပြောင်းလဲရန် စက္ကန့်အနည်းငယ်မျှသာ ယူခဲ့သည်။Long Feiye က ဘာလို့ ဒီလောက်ကြာအောင် နေနေရမှာလဲ။
“နည်းလမ်းက မတူဘူး… ဟီးဟီး.. ဒီအဘိုးကြီးက မင်းတို့ကို ကူညီပေးနေတာ။ သူ သင်ခဲ့တဲ့ နည်းလမ်းက ထက်ဝက်လောက် အားစိုက်ရုံနဲ့ ရလဒ်နှစ်ဆရလိမ့်မယ်။ တကယ်လို့ သူက သုံးရက်သုံးည ထိန်းထားနိုင်ရင် နဝမအဆင့် အမျက်ဒေါသကြာပန်း မီးတောက် အဖြစ် ပြောင်းလာနိုင်တဲ့ အခွင့်အရေးရှိတယ်။ ဟဲဟဲ၊ အဲဒါကို ဖန်တီးပြီးတာနဲ့ မင်းရဲ့ နဂါးရှင်သန်ခြင်းဆေး ကို တစ်လခွဲအတွင်း ရနိုင်လိမ့်မယ်။" ပြောရင်းဆိုရင်း ဆေးမီးဖိုသခင်မှာ အေးစက်စွာ နှာမှုတ်လိုက်သည်။ “ဆေးရပြီးရင် တတ်နိုင်သမျှ မြန်မြန်ထွက်သွားကြတော့..”
ဆေးမီးဖိုသခင်၏ တစ်ခုတည်းသော အတွေးမှာ ဆေးလုံးများအား အပြီးသတ်ပြီးနောက် ဤကပ်ဆိုးနတ်ဘုရားများအား နှင်ထုတ်ရန်ပင်။
"သူ မလုပ်နိုင်ရင် ဘာဖြစ်သွားလဲလို့ မေးနေတယ်။" Han Yunxi မှ ပြင်းထန်စွာပြောလိုက်သည်။ ဤအခြေအနေအား သုံးရက်သုံးည မထိန်းနိုလျှင် Long Feiye မှ ဘာဖြစ်သွားမလဲဟုသာ သူမ တွေးနေမိသည်။
"မဟုတ်ရင်၊ သူက ကောင်းကင်မီး ချန်မီးဖို ရဲ့ စွမ်းအားနဲ့ တန်ပြန်တိုက်ခိုက်ခံရလိမ့်မယ်။" ဆေးမီးဖိုသခင်မှာ သာမာန်ကာ လျှံကာ ပြောလိုက်သည်။ သူက မည်သို့သော ဧရာမအမှားကြီးလုပ်မိသွားမှန်း မသိပဲ ဆက်ပြောလိုက်သည်။ “ဒါက သုံးရက်ပဲဟာ။ သူ့ရဲ့ အတွင်းအားနဲ့ဆို လက်ဖဝါးကို လှန်သလိုပဲ။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Fiksi Sejarah** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...