အခန်း(၁၁၃၇)

302 26 2
                                    

အခန်း(၁၁၃၇)

မူချင်းဝူ၏ ရွေးချယ်မှု။






Mu Qingwu မှာ ဒေါသတကြီးဖြင့် Bai Yanqing ဆီသို့ ပြေးသွားကာ အော်လိုက်လေသည်။ "လုံလောက်ပြီ.. ထပ်မပြောတော့နဲ့။ ကျုပ် ခင်များကို မယုံဘူး! Long Feiye က ဒီလိုလူမဟုတ်တာ သေချာတယ်။"

သူ၏ ဘဝတွင် “Long Feiye” ဟု ကျယ်လောင်စွာ မအော်ခဲ့ဖူးပေ။

ထျန်းနင်တွင် မငြိမ်မသက်မှု မဖြစ်ခင်အချိန်၌ သူက Long Feiye ကို “အရှင့်သားချင်ဝမ်" ဟု လေးစားစွာ ရည်ညွှန်းလေ့ရှိသည်။ Long Feiye ၏ ဇစ်မြစ် အမှန်တရားကို ထုတ်ဖော်ပြီးနောက် သူနှင့် Long Tianmo နှစ်ဦးစလုံးမှာ "အရှေ့ချင် အိမ်ရှေ့စံ" အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။

ထိုအမျိုးသား … ထိုပဒေသရာဇ်အရှင်… အရှင့်သား အိမ်ရှေ့စံမှာ သူ၏ နှလုံးသားထဲတွင် အမွန်မြတ်ဆုံး ရိုသေမှု ပြယုဂ်ဖြစ်သည်။ Mu Qingwu မှာ Long Feiye မှ ဤမျှ ရက်စက်ကြမ်းကြုတ်သော ကိစ္စတစ်ခုကို လုပ်နိုင်မည်ဟု မည်သည့်အချိန်မှ ယုံမည်မဟုတ်ပေ။ အရှေ့ချင် တပ်များအတွက် ထျန်းအန်ကို သိမ်းယူနိုင်ရန်မှာ ရိုးရှင်းလှသည်။ ထို့အပြင်၊ Long Feiye မှ စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့လျှင် ထျန်းအန်၏ တပ်ဖွဲ့ဝင်အများအပြားမှာ အလိုအလျောက် လက်နက်ချကြလိမ့်မည်။ Long Feiye မှာ ထိုသို့သော ကြမ်းတမ်းသော အပြုအမူများကို အားကိုးနေစရာ မလိုပေ။ ကမ္ဘာရှိ လူများနှင့် သမိုင်းပညာရှင်များမှ သူ၏နာမည်ကို အပုပ်ချနိုင်ရန် တစ်စုံတစ်ခု ချန်ထားခဲ့ရန် ရူးမိုက်နေသူလည်း မဟုတ်ပေ။

Bai Yanqing မှာ ထိတ်လန့်နေခြင်းမရှိပဲ Mu Qingwu ကို သူ့ထံချဉ်းကပ်ခွင့်ပေးလိုက်သည်။ သူက ဖြည်းဖြည်းချင်း ထကာ ပြုံးပြလိုက်သည်။ "Long Feiye က မူမျိုးနွယ် တစ်ခုလုံးကို ဘာလို့သတ်ခဲ့တာလဲ မင်းသိလား။"

Mu Qingwu မှာ ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ "ဒါတွေဘာကိုမှ ကျုပ်မယုံဘူး။ ခင်များရဲ့စကားတွေ ရပ်လိုက်။ ခင်များ ဆန္ဒရှိရင် ကျုပ်ကိုသတ်လိုက်…”

ထို့နောက် လှည့်၍ နားရွက်များကို အုပ်လိုက်သည်။
သူက အရူး မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now