အခန်း(၁၀၄၁)
ချစ်ရဲ မုန်းရဲ ပြုမူရဲသော။
“အဒေါ်၊ ဒါက ကျွန်မ မတော်တဆတွေ့ခဲ့တာ။ အရေပြားကို အာဟာရဖြစ်စေတယ်လို့ သူတို့က ပြောတာပဲ။ ကျွန်မ အဒေါ် အတွက် ထားခဲ့မယ်။" Han Yunxi မှာ သူမအား အဒေါ်ဟု ခေါ်ရုံသာမက လက်ဆောင်တစ်ခုလည်း ပေးလာသည်။ သခင်မထန်မှာ သူမအား မူလတည်းက သဘောကျခဲ့သဖြင့် ဘယ်လိုလက်ဆောင်မျိုး ပေးသည်ဖြစ်စေ အရေးမကြီးပေ။ ၎င်းမှာ သူမ၏ ခံစားချက်များအား ဖော်ပြခြင်းပင်။ ဤသို့ဖြင့် သခင်မထန်မှာ သူမကို ပို၍ သဘောကျလာသည်။
သခင်မထန်မှာ အလှအပကို နှစ်သက်ပြီး သူမ၏ ရုပ်ရည်ကို ထိန်းသိမ်းရန် နည်းလမ်းများ ရှိသည့် အမျိုးသမီး တစ်ဦးပင်။ သူမက ပါးနီနှင့် မျက်နှာချေအမှုန့်များကဲ့သို့ အရာများကို စွဲလန်းသူသောကြောင့် Han Yunxi ၏လက်ဆောင်ကို ဖွင့်လိုက်သည်နှင့် အံ့အားသင့်သွားတော့သည်။
"အိုက်ယား… ဒီကျောက်စိမ်းဖြူအသားချောလိမ်းဆေး မဟုတ်ဘူးလား။ ကျစ်… ကျစ်.. ကျစ် ဒါက ပစ္စည်းကောင်းပဲ။” သခင်မထန်မှ ပြောလိုက်သည်။
“အဒေါ် ကြိုက်သရွေ့ပါ။” Han Yunxi မှ ပြုံးလိုက်သည်။ သူမက ဒုတိယလက်ဆောင် ပေးလိုသော ရည်ရွယ်ချက်မရှိသောကြောင့် အဒေါ်ရူမှာ ဘေးတွင် အဆင်မပြေစွာ ရပ်ကာ ကျန်ခဲ့လေသည်။ ထန်မျိုးနွယ်မှ သူမ၏ နှစ်များ အတွင်း သခင်မထန်အား လက်ဆောင်ပေးသူတိုင်းမှာ သူမအတွက်လည်း လက်ဆောင် တစ်ခုပေးကြသည် ။ Tang Li နှင့် Long Feiye တို့သည်လည်း တူညီစွာ လုပ်ဆောင်ခဲ့ပြီး သူမနှင့် Tang Li ၏မိခင်နှစ်ဦးစလုံးအတွက် ဝေစုများ ဝယ်ယူခဲ့ကြသည်။
သို့တိုင် ယနေ့တွင် Han Yunxi မှာ သခင်မထန်အား “အဒေါ်” ဟု ခေါ်ပြီး သူမ၏ မျက်နှာရှေ့တွင် လက်ဆောင်တစ်ခု ပေးခဲ့နေသည်။ မိခင်ဘက်မှ အဒေါ်ဖြစ်လင့်ကစား သူမကမူ ရိုးရှင်းစွာ ဘေးဖယ်ခံနေရသည်။ အသွေးအသားအရ၊ သူမက သခင်မထန် ထက် Long Feiye နှင့် ပို၍ နီးစပ်သည်။
Baili Mingxiang မှာ ဘေးမှ လျှို့ဝှက်စွာ ရယ်မောနေလေသည်။ ထိုကျောက်စိမ်းဖြူအသားချောလိမ်းဆေးမှာ တောင်အောက်တွင် မင်းသမီးမှ သူမထံ မေးခဲ့သည့်အရာဖြစ်သည်။ မင်းသမီးမှာ မျက်နှာချေ လိမ်းရသည်အား မနှစ်သက်သည့်အတွက် အလှကုန်များအပေါ် စိတ်မဝင်စားပေ။ မင်းသမီးမှ ဘာတွေစီစဉ်နေမှန်း ရှက်ရွံ့မှု ခုနစ်ပိုင်း စိတ်ပျက်မှု သုံးပိုင်းဖြင့် အဒေါ်ရူ၏ အမူအယာအား မမြင်ခင်အထိ သူမ မသိခဲ့ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...