အခန်း(၁၁၃၃)

233 35 6
                                    

အခန်း(၁၁၃၃)

ယုအာလေးက အစ်မကြီး ဖြစ်နိုင်တယ်။






အစောင့်မှာ Su Xiaoyu အား ထိုကဲ့သို့ အင်အားဖြင့် ဘေးသို့ တွန်းထုတ်လိုက်လျှင် သူမကိုယ်သူမ ရပ်တန့်ရန် သို့မဟုတ် လမ်းကြောင်းပြောင်းရန် နည်းလမ်းမရှိတော့ပေ။ သူမက Ning Jing ဖြင့် တိုက်မိကာ နှစ်ဦးလုံး မြေပြင်ပေါ်တွင် လှိမ့်သွားတော့သည်။ ထိုစဥ်၊ အဆိပ်အပ်တစ်ဒါဇင်ခန့်မှာ သူတို့နောက်မှ ပျံသန်းလာလျှင် လက်တွေ့အားဖြင့် ရှောင်ရန်မဖြစ်နိုင်တော့ပေ။အန္တရာယ်ကျရောက်နေသည့်အချိန်တွင် Ning Jing မှာ ရုတ်တရက်ဆိုသလို Su Xiaoyu အား သူမ၏ ရင်ခွင်ထဲတွင် ကာထားလိုက်သည်။ အပ်သုံးချောင်းမှ လေးချောင်းမှာ သူမ၏ကျောတွင် နစ်မြှုပ်သွားတော့သည်။ 

ထိုအချိန်တွင် Ning Jing မှာ သူမ၏ သမီးနှင့် Bai Yuqiao အကြောင်း တွေးမိသည်။

Su Xiaoyu မှာ ထိတ်လန့်သွားတော့သည်။ သူမက အလျင်အမြန် ရုန်းကန်လိုက်ပြီး Ning Jing ထံ အဆိပ်ဖြေဆေးကို ပေးကာ အဆိပ်အမျိုးအစားကို စစ်ဆေးရန် အလျင်စလို လုပ်ဆောင်လိုက်သည်။ ထိုဆေးမှာ Han  Yunxi ထံမှ ဆင်းသက်လာပြီး သာမန်အဆိပ်များ၏ အာနိသင်ကို အချိန်အတိုင်းအတာတစ်ခုအထိ ချေမှုန်းနိုင်စွမ်းရှိနေသည်။အသေအချာပင် ပို၍ပြင်းထန်သော အဆိပ်များမှာ အသုံးမဝင်ပေ။ အလုပ်ဖြစ်မည်လား သူမ မသိသော်လည်း Ning Jing ထံ ကျွေးပြီးသာ ကြိုးစားနိုင်သည် ။

ထို့နောက် အနက်ဝတ်အစောင့်က သူတို့အပေါ် နီးကပ်လာသောကြောင့် အမျိုးသမီးကို ဆွဲထူကာ စတင်၍ ထပ်မံ ပြေးသွားလိုက်သည်။

"အစ်မနင်၊ အစ်မ သမီးကို စဉ်းစား။ တောင့်ထားရမယ်။"

“ကျွန်မသခင်မလေး နဲ့ ကျန်တဲ့သူတွေက ကျွန်မတို့ကို ကယ်တင်ဖို့ လာနေလောက်ပြီ။ သူတို့က မကြာခင် ကျွန်မတို့ကို ရှာတွေ့နိုင်တယ်။ တောင့်ထားရမယ်။"

Su Xiaoyu မှာ ​ပြော​ရင်းဆိုရင်း​ အသက်​အတွက် ​ပြေးနေ​သည်​။ Ning Jing ၏ မျက်နှာကို သူမ မကြည့်ဝံ့ပေ။ အမျိုးသမီးမှာ ဆက်၍ပြေးနေနိုင်သရွေ့တော့ အဆိပ်မှာ တုံ့ပြန်မှု မရှိသေးကြောင်း ဆိုလိုကာ သူမ အဆင်ပြေနေသေးကြောင်း ဆိုနိုင်သည်။ Ning Jing ၏ နှုတ်ခမ်းများမှာ မည်းနက်လာပြီ ဖြစ်သည်။သူမက လျင်မြန်စွာ တုံ့ပြန်သော အဆိပ်ဖြင့် ထိမှန်ခဲ့ခြင်းမဟုတ်သော်လည်း သူမ၏ လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေသည်။ သူမက Su Xiaoyu နှင့်အတူ ပြေးနေနိုင်သော်လည်း သူမ၏ခြေထောက်များမှာ အခြားသူတစ်ယောက်မှ လုံးလုံးလျားလျား ပိုင်ဆိုင်ထားသကဲ့သို့ပင်။ သူမက ၎င်းတို့ကို မခံစားနိုင်တော့ပေ။ သူမ၏ စိတ်ထဲတွင် သမီးငယ်၏ နုနယ်သော မျက်နှာ၊ ကလေးငိုသံများနှင့် လွန်ခဲ့သည့် နှစ်များအတွင်းက အနန္တကုန်သည်ခန်းမရှေ့တွင် ရပ်နေခဲ့သော သခင်လေးထန်၊ ထန်လီ ဖြင့် ပြည့်နှက်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now