အခန်း(၁၁၁၅)
လုံဖေးယဲ့ သိသွားပြီ။
Long Feiye မှ ပြောလာသဖြင့် Gu Beiyue မှာ စာဖတ်ရန် ဘယ်လိုနှောင့်နှေးနိုင်တော့မည်လဲ ။ အမှန်တော့၊ သူက အရေးပေါ်အခြေအနေ၏ သဘောသဘာဝကို အနည်းနှင့်အများ ခန့်မှန်းနိုင်သောကြောင့် သူ၏နှလုံးသားမှာ လက်ရှိတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။ စတုတ္ထ သခင်မလေးရမ်မှာ သူက ပေးအပ်ထားသည့် တာဝန်ကြောင့် တစ်စုံတစ်ခုဖြစ်သွားမည်ကို စိတ်ပူနေပြီး ၎င်းမှာ Han Yunxi ၏ ကိုယ်ဝန်ကို Long Feiye ထံမှ ထပ်မံ ဖုံးကွယ်နိုင်ထားတော့မည် မဟုတ်သည့်အတွက် သူက ကြောက်ရွံ့မိသည်။ သူက အမျက်အတွက် ပြင်ဆင်ထားသော်လည်း အထူးသဖြင့် အမှားလုပ်မိသည့်အတွက် ထိုအချက်ကို ကြောက်နေမိဆဲပင်။
Gu Beiyue မှာ စာအိတ်ကို အလျင်စလိုဖွင့်လိုက်ပြီး အထဲတွင် စာအိတ်နှစ်အိတ်ရှိကြောင်း သိလိုက်သည် ။တစ်အိတ်မှာ စတုတ္တသခင်မလေးရမ်မှ ပျောက်နေကြောင်း ပြောကြားထားပြီး နောက်တစ်အိတ်မှာ ဆေးညွှန်းတစ်စောင်ပင်။ ယနေ့သည် ပဉ္စမနေ့၏ နံနက်ခင်းဖြစ်သော်လည်း၊ သူမက တတိယမြောက်ညတွင် ပျောက်ကွယ်သွားခဲ့သည်။ ဆေးမြို့တော်မှ ဆေးတဲသို့ နှစ်ရက်အတွင်း သူတို့ဆီရောက်လာရန် ဤစာသည် အလွန်အမင်း မြန်ဆန်လှသည်။ သူမပျောက်ဆုံးပြီး လေးနာရီအကြာတွင် တစ်စုံတစ်ယောက်မှာ ဤဆေးစာကို သားဖွားခန်းတွင် လက်ခံရရှိပြီး စစ်ဆေးရန်အတွက် သမားတော်များထံ တင်ပြခဲ့သည်။
Long Feiye မှာ မြင်းပေါ်မှဆင်းလာသဖြင့် Gu Beiyue မှာ ပြန်လည်သုံးသပ်ရန် စာများနှင့် ဆေးညွှန်းများကို သဘာဝအတိုင်း လွှဲပေးလိုက်သည်။Gu Qishao နှင့် ကျန်လူများမှာလည်း စိုးရိမ်တကြီးဖြင့် နီးကပ်လာကြသည်။ သို့သော် Gu Beiyue မှတပါး၊ ဤသည်မှာ Han Yunxi ၏နေရာဖြင့် မည်သို့ဆက်စပ်မှုရှိသည်ကို မည်သူမျှ မမြင်နိုင်ပေ။
"စတုတ္ထ သခင်မလေးရမ် က သားဖွားမီးယပ် သမားတော် မဟုတ်လား။" Gu Qishao မှာ စိတ်ဝင်တစား မေးလိုက်သည်။
Gu Beiyue မှာ Long Feiye ထံတစ်ချက် ခိုးကြည့်ကာ အကူအညီမဲ့စွာ ခံစားနေရသည်။ သို့တိုင် သူက တုံ့ဆိုင်းခြင်း သို့မဟုတ် နှောင့်နှေးခြင်း မပြုတော့ပဲ ချက်ချင်း လိုရင်းဆီသို့ ပြောလိုက်သည်။ “လူတိုင်း၊ ဒီဆေးညွှန်းကို အရင်ကြည့်ပါ။ ဒါက စတုတ္ထသခင်မလေးရမ် ပျောက်သွားပြီးမှ သားဖွားခန်းကို ရောက်လာတာပါ။”
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...