အခန်း(၁၀၈၉)

244 28 0
                                    

အခန်း(၁၀၈၉)

နင်ချန်ရဲ့ လျှို့ဝှက်ချက်။








Han  Yunxi ကို အာရုံပြောင်းစေသောအရာမှာ Ning Cheng ၏လက်မှလွဲ၍ အခြားမဟုတ်ပေ။အကယ်၍ ယနေ့  သူမ ၎င်းကို ဆွဲမိခြင်း မရှိလျှင် ပြသနာရှိနေမှန်း ဘယ်တော့မှ သတိထားမိမည် မဟုတ်ပေ။ စိတ်အနှောင့်အယှက်ဖြစ်ကာ မှန်းဆချက်မျိုး  မလုပ်ချင်သော်လည်း ရပ်တန့်ကာ မေးလိုက်သည်၊ “Gu Beiyue လာကြည့်ပါဦး။ Ning Cheng ရဲ့လက်က ဘာဖြစ်နေတာလဲ။"

"လက်.. အဲဒါဘာလဲ။" Gu Beiyue မှာ စိတ်ဝင်တစား မေးလိုက်သည်။

Ning Cheng ၏ ဒဏ်ရာများမှာ အများအားဖြင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင်သာ ရှိပြီး ခြေလက်များတွင် မဟုတ်ပေ။ Jun Yixie ကြောင့် သူ၏ ပခုံးရှိ ဓါးဒဏ်ရာများအပြင် ဒဏ်ရာအသစ်များနှင့် အမာရွတ်ဟောင်းအများစုမှာ ကြာပွတ်ဒဏ်ရာများပင်။ အစောမှ ထိုပေါက်ကွဲမှုကြောင့် Gu Beiyue မှာ ဒဏ်ရာရခဲ့သော်လည်း Ning Cheng မဟုတ်ပေ။ 

“ကြည့်ရတာ……” Han  Yunxi မှာ ဘယ်လိုပြောရမှန်းမသိပေ။ "တကယ်… အဲ့တာ ကြည့်ရတာ တစ်နည်းနည်းနဲ့ မှားနေသလိုပဲ ရှင်ကြည့်ကြည့်ပါဦး။"

"လက်ဖဝါး။ " Gu Beiyue မှာ Ning Cheng ၏ လက်ကို စစ်ဆေးရန် နေရာပြောင်းလာသည်။ သူက ၎င်းကို စစ်ဆေးရန် ပြင်လိုက်စဥ် Han Yunxi  မှ ဖြတ်ပြောလိုက်သည်။

“မဟုတ်ဘူး၊ အဲဒါက သူ့လက်မောင်းနဲ့ ပခုံးကြားက နေရာ၊ အရိုးနဲ့ ကြွက်သားတွေ ဆက်တဲ့နေရာ…”

Gu Beiyue မှာ Ning Cheng ၏လက်ကို လွှတ်လိုက်ပြီး တည်နေရာကို စစ်ဆေးပြီးနောက် အထိတ်တလန့် ပြောလိုက်သည်။ “အဲ့တာ အရင်က ဒဏ်ရာအပြင်းအထန် ရခဲ့တာဖြစ်ရမယ်။ အနည်းဆုံး…. လွန်ခဲ့တဲ့ ငါးနှစ်လောက်က….။ မှန်မှန်ကန်ကန် မကုသနိုင်ရင် ကြွက်သားတွေကို ထိခိုက်စေပါတယ်။ ဆဲလ်သေတွေ ဖြစ်လာနိုင်တဲ့ တစ်ရှူးတွေက တစ်ဆင့် ပြင်းထန်တဲ့ ဆုတ်ဖြဲခံရတာမျိုး ဖြစ်လိမ့်မယ်။ နောက်ပြီး သူ့လက်မောင်းက လက်တုပါ။”

ယခုတော့ Long Feiye ပင် လှမ်းကြည့်လာသည်။Gu Beiyue မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးသမားတော်ဖြစ်ရမည်။ သူက Ning Cheng ၏လက်မောင်းကြောင့် ထိတ်လန့်သွားသော်လည်း ၎င်းကို မဖော်ပြပဲ တစ်ဖက်မှ Long Feiye သာ ကြားနိုင်စေရန် အသံတိုးတိုးဖြင့်သာ ပြောဆိုလိုက်သည်။ ကျန်သည့်အဖွဲ့များမှာ ဘာသံမှမကြားရပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now