အခန်း(၁၀၄၉)
အနာဂတ်မှာ ငါတို့ကို မငြင်းပယ်ပါနဲ့။
ခြံဝန်းထဲ၌ တိတ်ဆိတ်မှုမှာ ကြီးစိုးနေသော်လည်း ကျားနှစ်ကောင်နှင့် အလောင်းနှစ်လောင်း အတွက်ပင်။သားဖွားဆရာမများမှာ ကျားကိုက်ခံရသော ဒဏ်ရာနှင့် အဆိပ်ကြောင့် သေဆုံးသွားကြပြီး ဒဏ်ရာများမှာ လျင်မြန်စွာ မည်းနက်သွားကြသည်။ သို့သော် ထူးဆန်းသည်မှာ ခက်ထန်နေသည့် ကျားမှာ အမျိုးသမီးနှစ်ယောက်ကို သတ်ပြီးနောက် သိမ်မွေ့သွားကာ တံခါးရှေ့တွင် ၎င်း၏ခြေသည်းများကို လျှာဖြင့် လျက်နေသည်။
အစေခံမိန်းကလေးမှာမူ နေရာမှ ကြာမြင့်စွာပင် ထွက်ပြေးသွားပြီ ဖြစ်ကာ အစောင့်များမှာ အိမ်ခေါင်မိုးပေါ်၌ ပုန်းအောင်းနေကြသည်။ လျင်မြန်စွာ အသက်ရှူကာ ပြာပုံတမျှ ဖြူဆုတ်နေသည့် ခေါင်းဆောင်အစောင့်အပါအဝင် အားလုံးမှာ ထိတ်လန့်နေကြသည်။ အကယ်၍ သူက တစ်စက္ကန့်မျှ နောက်ကျသွားခဲ့လျှင် ယခုအချိန်၌ ခြံတွင်းရှိ အလောင်းများထဲမှ တစ်ယောက် ဖြစ်နေနိုင်သည်။
ယခုတွင် မွေးခန်းတွင်းရှိ လူများအား ဂရုစိုက်ရန် ဘယ်သူမှ အာရုံမရှိကြတော့ပေ။
သူတို့က တည်ငြိမ်သွားသောအခါတွင် အခန်းထဲသို့ ဝင်ရန် မဖြစ်နိုင်ကြောင်း သတိပြုမိလိုက်သည်။ တစ်ချက်မှာ သူတို့အားလုံးမှ အမျိုးသားများ ဖြစ်နေကြ၍ ဝင်သွားရန် အဆင်မပြေလှပေ။ နောက်တစ်ချက်မှာ အဆိပ်ကျားမှ ဝင်ပေါက်ကို ပိတ်ဆို့ထားပြီး ဘယ်သူမှ မချဉ်းကပ်ဝံ့ပေ။ ၎င်းတို့မှာ သခင်တစ်ဦးတည်းအောက်မှ တိရစ္ဆာန်များဖြစ်သည်။ သူတို့ကို နှိုးဆွရန် ဘယ်သူက သတ္တိရှိမည်လဲ။
“အစ်ကိုကြီး...ဒါ...ဘာဖြစ်နေတာလဲ။"
"အစ်ကိုကြီး၊ ငါတို့က ခန်ဝမ်ကို ပြောသင့်လား။ ဒီကျား... ရူးသွားတာတော့ မဖြစ်ဘူးနိုင်မဟုတ်လား။"
အစောင့်မှာလည်း ပဟေဠိဖြစ်နေသည်။ ခန်ဝမ်မှာ ဤနေရာတွင် ကျားများကို အချိန်အတော်ကြာအောင် ယဉ်ပါးစေခဲ့သည်။ ၎င်းတို့မှာ ဤနေရာ၌ သူ မရှိလျှင်ပင် သူ၏အမိန့်များကို အပြည့်အဝလိုက်နာနိုင်ပြီး သူတို့ထဲမှတစ်ဦးကို မည်သည့်အခါမျှ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...