အခန်း(၁၁၄၆)

224 24 2
                                    

အခန်း(၁၁၄၆)

ငါက မှတ်မိနေရမယ့် တစ်စုံတစ်ရာ။








Han Yunxi မှာလည်း သူမ၏ဝမ်းတွင်းရှိ ကလေး
ငယ်အတွက် အနည်းငယ် စိတ်ပူနေသည်။ သူမက Long Feiye ထံ မေးခွန်းထုတ်ဟန်ဖြင့် ကြည့်ရင်း မော့ရှဲ့ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။၎င်းမှာ စွန့်စားမှုတစ်ခုပင်။ သူမ သူ့ကို ဆုံးဖြတ်ခွင့်ပေးမည်။

အဝေးသို့ လှမ်းကြည့်ရင်း Long Feiye ၏ မျက်ခုံးများမှာ တင်းတင်းကျပ်ကျပ် ကျုံ့နေသည်။ ထိုနေရာတွင် ဒဏ်ရာပြင်းထန်စွာရထားသော Bai Yanqing မှာ Gu Qishao ထံမှ ကောက်ညှင်းထုတ်ကဲ့သို့ ချည်နှောင်ခံထားရသည်။ နွယ်ပင်များစွာမှာ လက်ရှိတွင် လေထဲသို့ ပျံတက်နေသည်။ 

သူက Han Yunxi ၏လက်ပေါ်တွင် သူ၏ လက်ကို တင်ကာ ချက်ချင်းဆုံးဖြတ်လိုက်သည်။ “ကိုယ် မင်းကို စုံတွဲကျင့်ကြံတာက တစ်ဆင့် ကူညီမယ်။"

စုံတွဲကျင့်ကြံမှု..? 

ငါ မော့ရှဲ့ ဓားဝိဉာဉ်ကို သိမ်းသွင်းနေတုန်း သူက အဲ့ဒီလိုလုပ်ချင်နေတာလား။

ဒါ…

"အရမ်းကောင်းတဲ့အကြံ။" Gu Beiyue မှာ ဝမ်းသာသွားသည်။ နောက်ဆုံးတော့ သူက နောက်ပြန်ဆုတ်ပြီး အဝေးကနေ ကြည့်နေလိုက်သည်။

“ကိုယ့်စကားကို နားထောင်..” Long Feiye မှာ ညည်းညူလိုက်သည်။ သူက Han  Yunxi အား နောက်မှ သိုင်းဖက်ထားပြီး သူ၏ လက်နှစ်ဖက်ကို ဓားပေါ်မှာ တင်လိုက်သည်။ သူတို့၏ ယခင်အချိန်များကဲ့သို့ပင် စုံတွဲကျင့်ကြံမှုကို နှလုံးသားဖြင့်စတင်ခဲ့ပြီး အချင်းချင်း၏တည်ရှိမှုနှင့် အသက်ရှူနေခြင်းကို တိတ်တဆိတ် စတင်ကာ ခံစားလိုက်ကြသည်။ အခြားအချိန်များနှင့်မတူပဲ၊ Han Yunxi မှာ ကောင်းကင်ယံတောင်၏ နိဗ္ဗာနနှလုံးသား အတွင်းအားအစား ဇာမဏီ စွမ်းအင်ကို အသုံးပြုလိုက်သည်။ မော့ရှဲ့ ဓားတစ်ဝိုက်တွင် ထူထဲသိပ်သည်းသော လှိုင်းလုံးများ လှည့်ပတ်လာသည်နှင့်အမျှ ၎င်းကို မကြာမီ Long Feiye ၏ ရမက်ဝါးမြိုခြင်း စွမ်းအင်မှ အားဖြည့်ပေးလိုက်သည်။ နှစ်ယောက်မှာ ချစ်သူစုံတွဲတစ်တွဲကဲ့သို့ အချင်းချင်း ရောယှက်နေသည့်အတွက် ခွန်အားများသည်လည်း ရှင်သန်နေဟန်တူသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now