အခန်း(၁၁၂၉)

245 24 4
                                    

WARNING
----------------
အပျော့စား emetophobia ရှိသူများ သတိပြုပါ။
--------------

အခန်း(၁၁၂၉)

ဘယ်သူက ဒုက္ခရောက်နေတာလဲ။






လေးယောက်အဖွဲ့မှာ ခြေလှမ်းအနည်းငယ်လှမ်းပြီးစတွင် Han  Yunxi မှ ပြောလိုက်သည်။ “ရှေ့မှာ အဆိပ်ရှိနေတယ်။ အရမ်းကြီး သိပ်သည်းတာ မဟုတ်ပေမယ့် တစ်ယောက်ယောက်က အဆိပ်ခတ်ခံရပုံရတယ်။ ဒါမှမဟုတ် တစ်ခြားလား ဆိုတာ မရှင်းလင်းဘူး။”

"အန္တရာယ်ရှိနိုင်သလား။" Long Feiye မှ မေးလိုက်သည်။

“မရှိဘူး၊ အဲဒါက အဆိပ်ငွေ့တွေနဲ့ မတူဘူး၊ ဒါကြောင့် ပြသနာမရှိဘူး။ အဲဒါက ရှင်တို့ရဲ့အဆိပ်နဲ့ အတူတူပဲမလို့ ကျွန်မတို့ အမြန်သွားကြည့်သင့်တယ်။” HanYunxi မှ ပြန်ဖြေလိုက်သည်။

သိပ်မကြာခင်တွင် ရွံမုန်းစရာကောင်းသော အနံ့အသက်တစ်မျိုးမှာ သူတို့​၏ နှာခေါင်းထဲသို့ ရောက်လာလေသည်။ 

"ဒါက ဘယ်လိုအနံ့မျိုးလဲ။" Tang Li မှာ နောက်ပြန်လှည့်ကြည့်လိုက်သည်။ "မရီး၊ ဒါက အဆိပ်မဟုတ်ဘူးလား။"

“မဟုတ်ဘူး။ ဒါက ပုပ်ပွနေတဲ့ အလောင်းတွေနဲ့ ခပ်ဆင်ဆင်တူတယ်။” Han  Yunxi  မှာလည်း ပဟေဠိဖြစ်နေသည်။ ဤရနံ့မှာ အလွန်ထူးဆန်းသော်လည်း အဆိပ်ဖြေ စနစ်မှာ မည်သည့်အချက်ပေးမှုမျိုးမှ မရှိပေ။

"Gu Beiyue၊ ရှေ့မှာ ကြိုသတိထား။" Long Feiye မှ ထပ်ပြောလိုက်သည်။

လျှို့ဝှက်ခန်း၏ အရှည်နှင့်ညီမျှသော အကွာအဝေးကို ဖြတ်ကျော်သွားပြီးသောအခါ Han  Yunxi  တို့အုပ်စုမှာ သူတို့၏ညာဘက်တွင် လက်သီးအရွယ်အပေါက်တစ်ခုကို သတိပြုမိလိုက်သည်။ Gu Beiyue မှာ အတွင်းထဲသို့ ဂရုတစိုက် ချောင်းကြည့်လိုက်လျှင် အေးစက်စွာ အသက်ရှူလိုက်တော့သည်။သူက ခေါင်းကို နောက်ပြန်လှည့်လာကာ ကြေငြာလိုက်သည်။ “မင်းသမီး၊ အဲဒါ အဆိပ်မဟုတ်ပေမယ့် ကြီးကြီးမားမား တစ်ခုခုဖြစ်သွားပြီ။”

"အဲဒါဘာလဲ။ရှင်ဘာတွေ့လို့လဲ။" Han Yunxi  မှာ Gu Qishao သို့မဟုတ် Ning Jing အတွက် တစ်ခုခုဖြစ်သွားမည်ကို ကြောက်ရွံ့နေမိသည်။ ဤဥမင်လိုဏ်ခေါင်းမှာ အလွန်ကျဉ်းမြောင်းလှသည်။ Gu Beiyue မှ သူတို့ကို ဦးဆောင်သွားမှသာလျှင် သူတို့က ဆက်၍ ရှေ့တိုးသွားနိုင်လိမ့်မည်။ Gu Beiyue မှာ အပေါက်ကို ချက်ချင်း လက်ဖြင့် ထိုးလိုက်ရာ နံရံမှာ ချိုင့်ဝင်သွားတော့သည်။ ထွက်လာသည့်အတိုင်း ဤနေရာမှာ Gu Qishao နှင့် Bai Yanqing တို့၏ တိုက်ပွဲတွင် ကျသွားခဲ့သောနေရာပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now