အခန်း(၁၁၇၁)
မလုပ်နိုင်ဘူး။
Gu Qishao ၏ လက်ကောက်ဝတ်မှစပြီး အသားနှင့်အရိုးအားလုံးမှာ တောင့်တင်းကာ လိမ်ကျစ်နေသော နွယ်ပင်များအဖြစ် ပြောင်းလဲနေသည်။ ထို့အပြင်၊ Long Feiye မှာ အခြေအနေသည် Gu Qishao ၏လက်သို့ ဖြည်းညှင်းစွာပျံ့နှံ့လာနေသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
"ဒါက ဘယ်တုန်းက စတာလဲ။" Long Feiye မှ မေးလိုက်သည်။
“ငါတို့ တောင်ပေါ်က ဆင်းလာတဲ့နေ့။ ဒါက ညတွင်းချင်း ဖြစ်သွားတာ။" Gu Qishao မှာ နောက်ဆုံးတော့ ပြုံးနေခြင်း ရပ်တန့်လိုက်သည်။
"အစေ့တွေ စိုက်ခဲ့သေးလား။" Long Feiye မှ မေးလိုက်သည်။
“မစိုက်ဘူး၊ တစ်ခုမှ မစိုက်ဘူး။ အဆိပ်ကောင်မလေးရဲ့ သီအိုရီက မှန်တယ်။ ဒါတွေက ငါ့သွေးကနေ ပေါက်လာတာဖြစ်မယ်။” Gu Qishao မှ ပြန်ဖြေလိုက်သည်။
"သူတို့က မင်းကို ဝါးမြိုနေကြတာလား..” Long Feiye မှာ အော်လိုက်လေသည်။
Gu Qishao မှာ လက်ကို မြောက်ကြည့်ပြီး ပြုံးပြလိုက်သည်။ "မှန်တယ်။ မနက်ဖြန်မနက်ဆို သူတို့က လက်ကို ရောက်လာမယ်ဆိုတာ ငါသေချာတယ်။ ငါ မင်းတို့နှစ်ယောက်နဲ့ နည်းနည်းကြာကြာနေပါရစေဦး။အဆိပ် ကောင်မလေး နိုးလာပြီးရင် ငါသွားမယ်။ တကယ်လို့ သူမ သတိထားမိရင် မကောင်းဘူး။”
“ဒီလက်ကို ဖြတ်ဖို့ မင်းကို ငါကူညီမယ်။” Long Feiye မှာ အေးစက်စွာပြောလိုက်သည်။ သို့ရာတွင် Gu Qishao မှာ သူ၏ နောက်လက်တစ်ဖက်ကို ထုတ်ပြလိုက်သည်။ အထက်ပိုင်းမှာ တူညီစွာ ပြောင်းလဲနေပြီပင်။
သို့ဖြစ်လျှင် သူ၏ လက်များ ဖြတ်လိုက်လျှင်တောင် ဘယ်လို ဖြစ်မည်လဲ။ သူ၏ သွေးများမှာ ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေသည်။ မည်သည့်နေရာမဆို အသား၊ အရိုးများနှင့် သွေးများကို ဖြည်းညင်းစွာ တိုက်စားသွားကာ နွယ်ပင်များအဖြစ် အညှောက်ပေါက်လာနိုင်သည်။ အကယ်၍ နွယ်ပင်များမှာ ဟိုနေရာ သည်နေရာ၌ အညှောက်ပေါက်လာပြီး သူ့အပေါ်၌ တစ်ခုတည်းအဖြစ် လျင်မြန်စွာ ပေါင်းစပ်သွားလျှင်၊ ၎င်းတို့သည် မကြာမီ သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်သွားနိုင်ပေလိမ့်မည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...