အခန်း(၁၁၁၁)

246 27 2
                                    

အခန်း(၁၁၁၁)

တိကျသော လိပ်စာ။







Han  Yunxi မှာ Ning Jing နှင့် Su Xiaoyu ၏ နာမည်များကို ကြားလိုက်ရလျှင်တော့ သူမ၏ နှလုံးသားမှာ နောက်ဆုံးတွင် ရင်ဘတ်ထဲသို့ ကျသွားတော့သည်။ သူမ အောင်မြင်သွားသည်ကို သိလိုက်သည်။ Ning Jing မှာ များစွာ မကူညီနိုင်သော်လည်း ထိုမိန်းကလေး ယုအာလေးမှာ သေချာပေါက် ကူညီပေးနိုင်သည်။

မျှော်လင့်ထားသည့်အတိုင်း Bai Yanqing မှာ သူမအား မင်းသမီးလေးကဲ့သို့ ချီကာ အမှောင်ခန်းကျဉ်းလေးမှ အလျင်စလို ထွက်လာခဲ့သည်။  စင်္ကြံတွင်း၌ အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ကြပြီးနောက် သူတို့က အမှောင်တွင်းတစ်ခုထဲသို့ ခုန်ချလာရသည်။ တစ်လမ်းလုံး Han  Yunxi မှာပတ်ဝန်းကျင်ကို အာရုံစိုက်ကာ မြေအောက်ခန်းအချို့တွင် ရှိနေကြောင်း သေချာလာသည်။ အဆိပ်ဂိုဏ်း၏ အဆိပ်သိုလှောင်ရုံတွင် ကြီးမားသော မြေအောက်နန်းတော်တစ်ခုပါရှိသည်။ သို့သော် သူတို့က ၎င်းကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သည်။ သူတို့မသိထားသော အခြားလျှို့ဝှက်နန်းတော်များ ရှိနေသည်လား။

Han Yunxi မှာ မှောင်မိုက်နေသော အခန်းကျဉ်းလေးမှ လွတ်မြောက်ပြီးသည်နှင့် သူမ ထံသို့ အဆိပ်ရှိသော တိရစ္ဆာန်မျိုးစုံကို ခေါ်ယူရန် စိတ်ကူးခဲ့ဖူးသည်။ သို့မဟုတ် မြေပေါ်မှ သူမ၏ အဆိပ်အစောင့်များ၏ အာရုံကို ဖမ်းစားနိုင်စေရန်  အဆိပ်ကွင်းများအတွင်း ကသောင်းကနင်း ဖြစ်သွားစေရန် ကြံစည်ခဲ့သည်။သို့ရာတွင် ယခု သူမ ထွက်လာချိန်၌ ၎င်းမှာ ရှုပ်ထွေးလှသည်။ သူမက Bai Yanqing နှင့် ပို၍ နက်ရှိုင်းစွာ ဆင်းသက်လာသော်လည်း နက်ရှိုင်းလာသည်နှင့်အမျှ ပိုမိုတောက်ပလာသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ၎င်းမှာ သူမ စိတ်ကူးထားသည့်အတိုင်း မြေအောက်ခန်းမဟုတ်ပေ။ ခဏအကြာတွင် သူတို့ မြေပြင်ပေါ်ကို ဆင်းလာလိုက်ကြသည်။

ဤလှိုဏ်ဂူမှာ တိုးထွက်နေသည့် တောင်ခါးပန်းရှိ လှိုဏ်ဂူတစ်ခုဖြစ်ပြီး အပြင်မှ အလင်းရောင် ဝင်လာကြောင်း  Han Yunxi မှာ  သတိပြုမိသွားသည်။ ဤနေရာမှာ ယခင်က သူမ မြင်ဖူးခဲ့သော မြေအောက်နန်းတော်နှင့် ဆင်တူသည်။ မြေကြီးအောက်တွင်ရှိနေသော်လည်း၊ ၎င်းမှာ နည်းလမ်းကျစွာဆိုလျှင် တောင်၏အတွင်း၌ ကွယ်ဝှက်ထားခြင်း ဖြစ်သည်။  အတွင်းမှ ထွက်လာသည်နှင့် တူညီစွာဖြင့် သူတို့က တောင်ကမ်းပါးယံများကို  မြင်နိုင်လေသည်။ အဆိပ်ဂိုဏ်း၏ အဆိပ်ကွင်းများတွင် အဓိက တောင်တန်းနှစ်ခုသာ ရှိသည်။ တစ်ခုမှာ ကြည်လင်လေညှင်း တောင်ထိပ် ဟုခေါ်တွင်ခဲ့ပြီး အခြားတစ်ခုကို ဘုရင့်တောင်ထိပ်ဟု ခေါ်ခဲ့ကြသည်။ သူတို့က ဘုရင့်တောင်ထိပ်မှ လျှို့ဝှက်သိုလှောင်ရုံကို ဖျက်ဆီးခဲ့သဖြင့် ဤသည်မှာ ကြည်လင်လေညှင်း တောင်ထိပ် ဖြစ်နိုင်သည်ဟု ဆိုလိုသည်။ တောင်တန်းနှစ်ခုကြားတွင် အဆိပ်ဂိုဏ်း၏ ယဇ်ပလ္လင်နေရာဖြစ်သည့် စိမ်းလန်းစိုပြေသောသစ်တောတစ်ခု တည်ရှိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now