အခန်း(၁၀၉၇)

265 26 2
                                    

အခန်း(၁၀၉၇)

ချစ်ရသူနှင့် ခွဲခွာရန်ဆန္ဒ။








Long Feiye မှာ ပြုံးလျက် သူ့ကို စိုက်ကြည့်ခွင့်ပေးသော Han  Yunxi  အား စိုက်ကြည့်နေသည်။အပြင်ဘက်တွင် အရိပ်အစောင့်မှာ စောင့်နေလေသည်။ မကြာခင်တွင် Long Feiye မှာ ထလာပြီး Han Yunxi မှာ နောက်မှ လိုက်လာကာ သူမ၏ အဝတ်အစားနှင့် ဆံပင်များကို ဖြည်းညင်းစွာ ဖြောင့်တန်းလိုက်သည်။ သူမက မှန်သို့ လှမ်းကြည့်ကာ မျက်နှာကို စစ်ဆေးကြည့်ရန် ပြင်လိုက်စဥ် Long Feiye မှ ပြောလိုက်လေသည်။ “သူ့ကို Ning Cheng ကို သွားတွေ့ဖို့ ခေါ်သွားပေးလိုက်။ သခင်နဲ့ အစေခံက တွေ့ခဲ့တာ တော်တော်ကြာနေပြီဆိုတော့ သူတို့ တစ်ညလုံး စကားပြောဖြစ်နိုင်တယ်။”

“ဟုတ်ကဲ့။” အရိပ်စောင့်မှာ နာခံ၍ ထွက်သွားလေသည်။ သူက မရှိတော့သော်လည်း Long Feiye မှာ Han Yunxi အတွက် ဤစကားများ ပြောလိုက်သည်။

တစ်ညလုံး…

ဆိုဖာပေါ်မှ ဆင်းရန် ပြင်ရင်း Han Yunxi ၏ နှုတ်ခမ်းများမှာ လှုပ်ယမ်းသွားသော်လည်း Long Feiye မှာ မကြာမီပင် အနီးကပ်လာကာ ဖိလိုက်ပြီး  တီးတိုး ပြောလိုက်လေသည်။ "ချစ်ရတဲ့ ကြင်ယာတော်၊ ကိုယ်တို့...ဆက်ကြမလား။"

“လက်ထောက်စစ်သူကြီးရွှယ်က ကျွန်မတို့ကိုလည်း ပြောစရာတွေ အများကြီးရှိသင့်တယ်။ သူနဲ့ Ning Cheng က တစ်ညလုံး အချိန် မယူသင့်ဘူး။” Han Yunxi မှာ အလေးအနက် ပြောလိုက်သည်။

"မင်းက ဒီအိမ်ရှေ့စံရဲ့ ဆိုဖာပေါ်မှာ ရောက်နေရင် နာမည်တစ်ခုပဲ ပြောနိုင်မယ်။" Long Feiye မှာ သူမ၏ နားတွင် သတိပေးရင်း တီးတိုးပြောလိုက်သည်။ “ဒါက နောက်ဆုံးအကြိမ်ပဲ။”

Han  Yunxi  မှာ မျက်နှာကျက်သို့ ပြုံးစိစိဖြင့် မော့ကြည့်လိုက်သည်။ သူ့လို အမျိုးသားမှာ ဒီလို စကားမျိုး ဘယ်လို ပြောနိုင်ရသည်လဲ။ ထိုစဥ် Long Feiye မှာ သူမ၏လည်တိုင်အောက်တစ်လျှောက် အနမ်းများ ဆက်သွားပြီး သူမ၏ အတွေးများ ဖရိုဖရဲဖြင့် အခြားမည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့အောင် ဖြစ်သွားစေသည်။ ထိုညတွင် သူက သူမအား တစ်ကြိမ်သာ ယူဆောင်ခဲ့သော်လည်း ယခင်က အချိန်တိုင်းထက် နူးညံ့သိမ်မွေ့နေသည်။ သူမက သူ၏ အဝတ်ဗလာဖြင့် ရင်ဘတ်ကို မှီထားပြီး သူ၏ ပြင်းထန်သော နှလုံးခုန်သံကို နားထောင်နေလိုက်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now