အခန်း(၁၁၂၁)

241 25 0
                                    

အခန်း(၁၁၂၁)

တင်းမာသထက် တင်းမာလာနေသည်။






Long Feiye၊ Gu Qishao၊ Gu Beiyue နှင့် Tang Li တို့မှာ အခြားမဟုတ်ပဲ ယခင်က ပိတ်မိခဲ့သော အလွန်တူညီသည့် ဝင်္ကပါဖြင့် တွေ့ဆုံလိုက်ရသည်။ ပထမနှစ်ယောက်မှ သစ်ပင်ထဲသို့ဝင်သွားချိန်၌၊ Gu Qishao မှာ မကြာမီတွင်ပင် တစ်စုံတစ်ရာမှ လွဲမှားနေသည်ကို ခံစားမိကာ ပြောလိုက်သည်။  "ဒါက ဆယ်မျက်နှာ လမ်းကြောင်းပဲ။"

နောက်ဆုံးအကြိမ်တွင် ဖွဲ့စည်းပုံ ဝင်္ကပါဖြင့် တိုးမိခဲ့သည့် ကျေးဇူးဖြင့် ​Gu Qishao မှာ နည်းပညာကို ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့သည်။ သူ၏ သင်ခန်းစာများမှာ တိုတောင်းသော်လည်း သူ၏ အရည်အချင်းမှာမူ မဆိုးလှပေ။ အနည်းဆုံး ခြေလှမ်း ၁၀၀ အတွင်း သူတို့က မည်သို့သော ဖွဲ့စည်းပုံတွင် ရောက်နေကြောင်း ပြောပြနိုင်သည်။ ထို့နောက် နောက်တစ်ဆင့်မှာ ၎င်းကို ဖြတ်ကျော်ရန် နည်းလမ်းရှာရန်ပင်။

Gu Qishao မှာ Long Feiye ကို တားဆီးကာ ပြောလိုက်သည်။ “ရပ်လိုက်။ ဒီထက်ပိုပြီး လမ်းလျှောက် နေတာက အချည်းနှီးပဲ။”

သို့သော် ရပ်တန့်နေမည့်အစား Long Feiye မှာ ဆက်လျှောက်သွားကာ ပြောလိုက်သည်။ "အနောက်တောင်ဘက်က 'မရဏတံခါး' ကို ဦးတည်နေတယ်။ ဆယ်မျက်နှာ လမ်းကြောင်းမှာ၊ ဆယ်လမ်းရဲ့ ကိုးလမ်းက လမ်းပိတ်တွေဖြစ်ပြီးတော့ 'မရဏတံခါး' က တစ်ခုတည်းသောထွက်ပေါက်ပဲ။”

Gu Qishao မှာ သူ၏စကားတွင်တော့ အံ့အားသင့်သွားတော့သည်။ ဖွဲ့စည်းပုံ ဝင်္ကပါ ပညာတွင် ရပ်တန့်ခြင်း၊ ဘဝ၊ ထိခိုက်မှု၊ လမ်းပိတ်၊ ရှုခင်း၊ မရဏ၊ သတိပေးချက် နှင့် အပွင့် တို့ကြားတွင် အမျိုးအစား ရှစ်ခုပါရှိသည်။ ဤလမ်းကြောင်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံ ပုံစံရှစ်မျိုးရှိပြီး တစ်ခုစီတွင် မတူညီသော ဦးတည်ချက်ဖြင့် လမ်းကြောင်းရှစ်ခုရှိသည်။ ထိုလမ်းများတွင် အန္တရာယ်များ ပုန်းအောင်းနေကြသည်။ ပုံမှန်အားဖြင့် ပြောရလျှင်၊ အပွင့်၊ ရပ်တန့်ခြင်း နှင့် ဘဝလမ်းကြောင်းများမှာ ကံကောင်းသော်လည်း မရာဏ၊ သတိပေးချက်နှင့် ထိခိုက်မှု တို့မှာ အမင်္ဂလာ များပင်။လမ်းပိတ်နှင့် ရှုခင်းတွင်မူ ကြားနေ ရပ်တည်ချက် ရှိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now