အခန်း(၁၀၈၁)

253 27 2
                                    

အခန်း(၁၀၈၁)

တိုက်… တိုက်… တိုက်..။







Han Yunxi နှင့် ကျန်သူများမှာ တောင်ခြေတွင်ရှိနေပြီဖြစ်သည်။ ကယ်ဆယ်ရေး တာဝန်အတွက် တစ်ရက်နှင့်တစ်ည ကျန်ရှိသေးသဖြင့် အချိန်များစွာရသေးသည်။ Han Yunxi မှာ Bai Yuqiao ထံမှ မြေပုံကိုဖွင့်လိုက်ပြီး ကျားဟိန်းသံကမ်းပါး ၏တည်နေရာကိုရှာလိုက်သည်။ 

“ကျားထောင်က တောင်တန်းနှစ်ခုအကျော်က အရမ်းနက်တဲ့ လျှိုထဲမှာ ရှိတယ်။” သူမက လေးနက်စွာပြောလိုက်သည်။ “အစီအစဉ် မလုပ်ခင် တောင်တွေကို ဖြတ်ပြီး အခြေအနေကို လိုက်ကြည့်ရအောင်။”

Long Feiye နှင့် အခြားအမျိုးသားများတွင် ထပ်မံပြောဆိုနေခြင်း မရှိပေ။ Gu Qishao မှာ ပုံမှန်အတိုင်း ဦးဆောင်နေသော်လည်း Han  Yunxi  မှာ Tang  Li  အား သူ၏ နောက်မှ လိုက်နေခြင်းကို တားမြစ်လိုက်သည်။

“Tang  Li အခုက စိတ်မြန်လက်မြန် လုပ်ရမယ့်အချိန် မဟုတ်ဘူး။ ရှင်က အဖေ တစ်ယောက် ဖြစ်လာပြီ။ ရှင့်ဇနီးနဲ့ ကလေးကို ကာကွယ်ဖို့ ရှင့်ကိုယ်ရှင်လည်း ကောင်းကောင်းကာကွယ်ရမယ်။" Han Yunxi မှာ ကြေငြာလိုက်သည်။

Jun Yixie မှာ အခြားလူများဖြင့် မတူပေ။ သူသည် ကိုယ်ခံပညာတွင် ထူးချွန်ရုံသာမက အဆိပ်များကိုလည်း သိထားသည်။ 

" ချီရှောက် နဲ့ ကျွန်မ ​ရှေ့က သွားတဲ့အချိန် ရှင်နဲ့ ရှင့်အစ်ကိုကြီးက နောက်မှာ နေရမယ်။" Han Yunxi မှာ Tang Li ကို Long Feiye ထံ တွန်းပို့ကာ ပြောလိုက်သည်။ သို့သော်၊ သူက Han  Yunxi အား ရင်ခွင်ထဲသို့ ဆွဲသွင်းရင်း Tang  Li  အား Gu Beiyue ထံ ပို့လိုက်လေသည်။

“ကိုယ် မင်းကို တောင်ပေါ် ခေါ်သွားပေးမယ်။” Long Feiye မှာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ ယသူမ၏ ပေါ့ပါးမှု နည်းစနစ်များမှာ အတော်လေး ကောင်းမွန်သော်လည်း သူမကို ကိုယ်တိုင် မသွားစေချင်ပဲ  သူနှင့် အတူသာ ခေါ်သွားပေးချင်သည်။အမျိုးသမီးတစ်ဦးမှာ သန်မာသောကြောင့် ဂရုစိုက်စရာမလိုဟု မဆိုလိုပေ။ အမျိုးသားများမှာ အမျိုးသမီးများအား အားနည်းသောကြောင့်သာ ကာကွယ်စောင့်ရှောက်ခြင်းမဟုတ်ပဲ ချစ်မေတ္တာနှင့် အကာအကွယ်ပေးသည့် အလေ့အထတစ်ခုလည်း ဖြစ်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now