အခန်း(၁၀၉၈)
သဘောတူညီချက်က ထည့်တွက်နိုင်သေးလား။
"ကျွန်တော်တို့က မြောက်ပိုင်းလီကို လက်လျော့ရလိမ့်မယ်။" Gu Beiyue မှ နိဂုံးချုပ်လိုက်သည်။
လီမျိုးနွယ်မှာ တိမ်တိုက်ကုန်းမြေကြီးတစ်လျှောက် ပရမ်းပတာဖြစ်စေခဲ့သော်လည်း Long Feiye နှင့် Han Yunxi တို့တွင် ဆုံးရှုံးရန် လုံလောက်သောအရင်းအမြစ်များကို ထိန်းချုပ်ထားဆဲဖြစ်သည်။မြောက်ပိုင်းလီကို စွန့်လွှတ်ပြီး သစ္စာဖောက်များနှင့် လီမျိုးနွယ်တို့ကို တိုက်ထုတ်ရန် တောင်ဘက်စစ်သားများကို စေလွှတ်ကာ အဓိကရုဏ်းများကို ချေမှုန်းနိုင်သည်။Ning Cheng မှာ မြောက်ပိုင်းနယ်နိမိတ်ကို ထိန်းသိမ်းထားနိုင်ပြီး သူတို့အား ခဏတာ အသက်ရှူရန် အချိန်ယူပေးနိုင်သည်။
“တကယ်လို့ မြောက်ပိုင်းလီနဲ့ တောင်ပိုင်းဒေသတွေက စစ်သူကြီးတွေက မြောက်ပိုင်းလီဧကရာဇ်နဲ့ ငြိမ်းချမ်းရေးယူလိုက်ရင် ဘယ်လို့ဖြစ်မလဲ။ ကျွန်မတို့က နှစ်ဘက်ညှပ် တိုက်ခိုက်ခံရမှာ မဟုတ်ဘူးလား။" Han Yunxi မှာ သတိထားပြီး မေးလိုက်သည်။
ကမ္ဘာပေါ်တွင် ထာဝရမဟာမိတ်များကဲ့သို့ အရာများမရှိသကဲ့သို့ ထာဝရရန်သူလည်း မရှိပေ။ အကျိုးစီးပွားနှင့် အမြတ်အစွန်းများသာ အမျိုးသားများကို လှုပ်ရှားစေနိုင်သည်။ စကားစုမှာ ရုပ်ပိုင်းဆိုင်ရာအရ ဦးတည်လွန်းသည်ဟု ဆိုနိုင်သော်လည်း တိုင်းပြည်၏ အကျိုးကျေးဇူးများနှင့် ရင်ဆိုင်ရလျှင် အတော်လေး သင့်လျော်လှသည်။ တောင်ဘက်မှာ မြောက်ပိုင်းလီဧကရာဇ်နှင့် မဟာမိတ် မဖြစ်နိုင်သော်လည်း ဧကရာဇ်မှာ ၎င်းတို့အပေါ် အပြစ်တင်မည်မဟုတ်ဟု မဆိုလိုပေ။
Han Yunxi ၏ ကြောက်ရွံ့မှုအပေါ် Long Feiye မှာ သူမ၏စိတ်ကို သက်တောင့်သက်သာဖြစ်စေလိုက်သည်။ “သူတို့ မလုပ်ဘူး။ မြောက်ပိုင်းလီက လုပ်ချင်ရင်တာတောင်မှ ရှောင်ကွေ့ဖေးက တစ်ခြားနည်းနဲ့ သူ့ကို ဆွဲဆောင်လိမ့်မယ်။”
Long Feiye မှာ အလွန်သေချာနေသောကြောင့် Han Yunxi မှာ စိတ်ပူနေခြင်းရပ်တန့်လိုက်သည်။မြောက်နှင့်တောင် မပူးပေါင်းသရွေ့ Ning Cheng ၏တပ်များနှင့် စစ်ကူအနည်းငယ်မှာ မြောက်ပိုင်းရန်သူများမှ တောင်ဘက်သို့ ထိုးဖောက်လာမည်ကို တားဆီးနိုင်သည်။ ယခုအခါတွင် Ning Cheng မှာ Jin Zi ထံမှ အကူအညီအတွက် နားချနိုင်ရန် Han Yunxi မှ မျှော်လင့်နေသည်။ Jin Zi မဟူရာမျိုးနွယ်၏ လက်အောက်ငယ်သားဟောင်းများကို နှိမ်နင်းနိုင်သရွေ့ သူတို့အတွက် စိုးရိမ်စရာတောင် နည်းပါးသွားလိမ့်မည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...