အခန်း(၁၀၉၈)

248 24 0
                                    

အခန်း(၁၀၉၈)

လီမျိုးနွယ် ထွက်ပေါ်လာပြီ။







Ning Cheng မှ ကောင်းကင်မြစ်မြို့တော် ကို တိုက်ခိုက်ပြီး သုံးရက်မြောက်နေ့တွင် စစ်တပ်အတွင်းရေး တိုက်ပွဲဖြစ်ပွားလာသည်။

"လက်ထောက်စစ်သူကြီးရွှယ်….” Han Yunxi ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုသူပင်။ သို့သော် လက်တွေ့မှာ ပို၍ဆိုးရွားနေသည် ။

“မင်းသမီး၊ သစ္စာဖောက်က ချန်လို့ ခေါ်တဲ့ လက်ထောက်စစ်သူကြီးပါ။ သူက မြင်းစီးသူရဲ ၁၀,၀၀၀ ကို ကောင်းကင်မြစ်မြို့တော်က Yuwen Guang နဲ့ ပူးပေါင်းဖို့ ခေါ်သွားလိုက်တယ်။” အရိပ်အစောင့်မှာ သတင်းပို့လိုက်သည်။

"ဘာ…." Han Yunxi မှာ မယုံနိုင်ဖြစ်နေသည်။ 

နင်မျိုးနွယ်ခေါင်းဆောင်တွင် ဒီမျိုးနွယ်မှ မျိုးနွယ်ဝင်များဖြစ်သော ချပ်ဝတ်တပ်များသာ ရှိနေပြီး စစ်သားအများစုကို အခြားအရင်းအမြစ်များမှ စုဆောင်းထားသော်လည်း နှစ်ပေါင်းများစွာ သူ၏ နောက်မှ လိုက်နေခဲ့ပြီးနောက် Ning Cheng ကို မည်သို့သစ္စာဖောက်နိုင်ရသည်လဲ။ ထို့အပြင် Ning Cheng မှ နေရာ၌မရှိချိန်တွင် သစ္စာဖောက်အဖြစ်မပြောင်းခဲ့ပဲ ဘာကြောင့် ယခုမှစတင်လာသည်လဲ။ ခြေလျင်တပ်သားတစ်ဦးပင်လျှင် ဤမြောက်ဘက်စစ်ရေးခရီးသည် Ning Cheng ၏ဘက်တွင် သေချာပေါက် အောင်ပွဲတစ်ခုဖြစ်ကြောင်း ပြောနိုင်သည်။ သူက အောင်ပွဲရသရွေ့ နင်မျိုးနွယ် တပ်ဖွဲ့များအားလုံးမှာ အနာဂတ်တွင် အဆုံးမဲ့ဘုန်းအသရေနှင့် စည်းစိမ်ဥစ္စာများကို ခံစားကြရလိမ့်မည်။

"ဒီလက်ထောက်စစ်သူကြီးချန် က အစတည်းက သူလျှိုဖြစ်နိုင်မလား။" Long Feiye မှာ သံသယစိတ်ဖြင့် မေးလိုက်သည်။

"အရှင့်သား၊ Yuwen Guang က စစ်သားတွေကို ဝင်ခွင့်ပြုဖို့ သူ့ရဲ့ မြို့တံခါးတွေကို ဖွင့်ပေးခဲ့တယ်။ လောလောဆယ် သူနဲ့ မြင်းတပ်အင်အား ၁၀,၀၀၀ က နင်မျိုးနွယ် တပ်ဖွဲ့တွေကို ညှပ်ပုံစံ ဖွဲ့စည်းပုံနဲ့ တိုက်ခိုက်နေကြတယ်။ မဟာစစ်သူကြီးနင်က ဒီတိုက်ပွဲမှာ အောင်ပွဲရပါ့မလား မသေချာဘူး။" အရိပ်စောင့်မှ ဆက်ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now