အခန်း(၁၁၀၃)

291 28 2
                                    

အခန်း(၁၁၀၃)

ရွေးချယ်မှုပြီးနောက် အံ့အားသင့်စရာ။






သူမက ညာဘက် ဒါမှမဟုတ် ဘယ်ဘက် ရွေးသင့်သလား။

Han  Yunxi မှာ ခက်ခဲသော ရွေးချယ်မှုနှစ်ခုကြားတွင် ပိတ်မိနေခဲ့သည်။ အကယ်၍ သူမ၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကြောင့် မဟုတ်လျှင် ယခု ပြိုလဲသွားလိမ့်မည်။ နောက်ဆုံးတွင် နှစ်ဖက်စလုံးမှ သားကောင်များမှ အချိန်တိုအတွင်း အသက် သေစေနိုင်သည့် အဆိပ်များဖြင့် ဒုက္ခရောက် နေကြရသည်။သူမ ဘယ်လို မထိတ်လန့်ပဲ နေနိုင်မည်လဲ။

သို့ရာတွင် သူမ မတတ်နိုင်ပေ။ သူမ အာရုံစူးစိုက်မှု ပျက်ယွင်းသွားသည်နှင့် တစ်ပြိုင်နက်၊ အဆိပ်ဖြေ စနစ်၏ လုပ်ဆောင်မှု အရှိန်သည်လည်း လျော့ကျသွားကာ သူမ၏ စိုးရိမ်သောက သံသယကိုသာ ကြာရှည်စေလိမ့်မည်။ လူများမှာ တစ်ခါတလေ သူတို့ကိုယ်သူတို့ သေသည်အထိ စိုးရိမ်နေတတ်ကြသည် မဟုတ်လော။
 
Han  Yunxi မှာ သူမ၏ခံစားချက်များကို ချိန်ညှိရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ နှစ်ဖက်စလုံး၏ သားကောင်များမှာ တစ်ချိန်တည်းတွင် အဆိပ်သင့်ရခြင်း အကြောင်းရင်း သို့မဟုတ် ထိုလူများသည် မည်သူဖြစ်နိုင်သည်ကို သူမ စဉ်းစားရန် မရွေးချယ်ခဲ့ပေ။သူမ၏နောက်ဆုံးရွေးချယ်မှုမပြုလုပ်မီ စနစ်မှ အချက်အလက်များ ပိုမိုလိုအပ်သည်။ သူမ တည်ငြိမ်လာသည်နှင့်အမျှ အဆိပ်ဖြေ စနစ်မှာ သူမအတွက် အချက်အလက်များကို ပိုမို ထုတ်ပေးလာနိုင်သည်။ နှစ်ဖက်စလုံး၏ အဆိပ်သင့်နေမှု အခြေအနေများမှာ အလွန်ဆင်တူသောကြောင့် သူမကို ခွဲခြားပြောရခက်စေသည်။ သားကောင်များမှာ တစ်ချိန်တည်း အဆိပ်သင့်နေကြသည်။ Bai Yanqing မှာ ဤဝင်္ကပါ ဖွဲ့စည်းပုံ တွင် အဆိပ်စစ်သားများကို ပေါင်းထည့်ခဲ့လျှင်တောင် Long Feiye နှင့် အခြားသူများကို အလွယ်တကူ အဆိပ်ခတ်နိုင်ရန် နည်းလမ်းမရှိပေ။သားကောင်များထဲမှ တစ်ယောက်မှာ Bai Yanqing ကိုယ်တိုင် အဆိပ်ခတ်ခဲ့ပြီး ကျန်တစ်ယောက်မှာ..
Han Yunxi မှ စဥ်းစားသည်မှာ မှန်လျှင် Gu Qishao ၏ ကိုယ်ပိုင်အဆိပ်ဖြစ်လိမ့်မည်။ Long Feiye နှင့် Gu Beiyue နှစ်ဦးစလုံးတွင် ကိုယ်ပိုင် အဆိပ်များ မရှိပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now