အခန်း(၁၀၃၄)

238 27 0
                                    

အခန်း(၁၀၃၄)

ငါက တိတ်ဆိတ်ငြိမ်သက်မှုကို လိုချင်တယ်။






Bai Yuqiao က သူတို့ကို ဘာပြောမလဲ။ သံသယ ရှိစရာမလိုပဲ အဖြေမှာ Long Feiye ၏ ရွေးချယ်မှုအပေါ် သက်ရောက်စေလိမ့်မည်။ ထိုညတွင် သူနှင့် Han Yunxi မှာ တစ်မှေးမှမအိပ်ခဲ့ကြပေ။ ထိုအချိန်တွင် Tang Li မှာ စစ်သူကြီး Baili နှင့် လက်ထောက်စစ်သူကြီးများ ရောက်လာခြင်းကို စောင့်ရန် မြို့ပြင်သို့ အပြေးအလွှား ထွက်လာခဲ့လေသည်။မြောက်လေမှာ တိုးဝှေ့ကာ သူ့အား ဖြတ်သွားနေချိန်တွင် ရပ်နေလေသည်။ ၎င်းမှာ သူ၏ မျက်နှာကို နာကျင်စေပြီး မျက်လုံး မဖွင့်နိုင်လောက်အောင် စူးရှနေသည်။ ဤကဲ့သို့ လေပြင်းမှာ မျက်ရည်များကို အပြည့်အ၀ သယ်ဆောင်သွားနိုင်သည်။

သို့သော်လည်း Tang Li မှာ သူက မငိုသည်ကို သိနေသည်။ 

သူက ထိုနေရာတွင် တစ်ညလုံး ရပ်နေခဲ့ပြီး လေနှင့် ဆီးနှင်းများမှ သူ့အား တစ်ချိန်လုံး ဒဏ်ခတ်စေခဲ့သည်။ စစ်သူကြီး Baili နှင့် လက်ထောက်စစ်သူကြီးများမှာ မုန်တိုင်းထဲမှ ရောက်လာချိန်တွင် Tang Li အား မြင်လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။ "ထန်မျိုးနွယ်ခေါင်းဆောင်.. မင်း...မင်းဘာလို့ဒီကိုရောက်နေတာလဲ။"

ထန်မျိုးနွယ် နှင့် ပိုင်လီစစ်တပ် တို့တွင် အလွန်ရှုပ်ထွေးသော ဆက်ဆံရေးရှိနေသည်။ အဆင့်အတန်းအရဆိုလျှင် ထန်မျိုးနွယ်မှာ မူလက မြင့်မြတ်သော မိသားစု ခုနစ်စုအနက်မှ တစ်စုဖြစ်သည့် ပိုင်လီ ထက် သာလွန်မြင့်မြတ်ခြင်းမရှိပေ။ ပိုင်လီမျိုးနွယ်တွင် ရေတပ်တစ်ခုလုံးရှိ၍ Baili Yuanlong မှာ ထျန်းနင် ပြည်တွင်းမငြိမ်မသက်မှုများအတွက် စစ်တပ်အင်အား စုရုံးနေခဲ့သဖြင့် အာဏာနှင့် သြဇာတွင်လည်း နှိုင်းယှဉ်၍မရနိုင်ပေ။

သို့သော်လည်း ထန်မျိုးနွယ်မှာ ကြင်ယာတော်ဝမ်ကို ဖွားမြင်ခဲ့ပြီး မြင့်မြတ်သောအိမ်တော်၏ ဆွေမျိုးများဖြစ်လာသဖြင့် အဆင့်အတန်းမှာ မြှင့်တက်ခဲ့သည်။Tang Zijin နှင့် အဒေါ် ရူ နှစ်ယောက်စလုံးမှာ Long Feiye ၏ လူကြီးသူမများဟု အော်ဟစ်နေကြပြီး လက်အောက်ငယ်သားဖြစ်သည့် Baili Yuanlong မှာ အလွန်အမင်း မကျေမနပ် ဖြစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ထန်မျိုးနွယ်၏ လုပ်ကြံသတ်ဖြတ်ရေးလက်နက်များနှင့်ပတ်သက်၍ သူ၏ပြင်းထန်ပြီး တိကျသောတောင်းဆိုချက်များသည်လည်း ထန်မျိုးနွယ်ကို မကျေမနပ် ဖြစ်စေသည်။သဘာဝကျစွာပင် ကိစ္စအားလုံးက သူ၏ နှလုံးသားတွင် ကွယ်ဝှက်ထားသည်။ အရှေ့ချင်မင်းဆက် ပြန်လည် ရှင်သန်နိုင်ခြင်း မရှိခင် ပြည်တွင်းရန်ပွဲများ စတင်ရန် သူက ရူးမိုက်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ အမြင်တွင် Tang  Li  မှာ အမှိုက်သရိုက်သားနှင့် မကွာပေ။အရှင့်သားကြောင့် မဟုတ်လျှင် Baili Yuanlong မှာ "ဤထန်မျိုးနွယ်ခေါင်းဆောင်” ကို ဘယ်တော့မှ အလေးထားမည် မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now