အခန်း(၁၀၄၀)

267 25 2
                                    

အခန်း(၁၀၄၀)

ဆိုတော့ အဲ့တာက တစ်လျှောက်လုံး ငါတို့ဟာပဲ။







Tang Li မှ ရှာတွေ့ခဲ့သောနေရာသည် သူ၏ အိမ် ထန်မျိုးနွယ် မှလွဲ၍ အခြားမဟုတ်ပေ။ Han Yunxi ၏အဖွဲ့မှာ တွေ့ရှိမှုကြောင့် အံအားသင့်သွားတော့သည်။ ဤတစ်ချိန်လုံး သူတို့ရှာဖွေနေသည့် အရာမှာ သူတို့ကိုယ်ပိုင် မြက်ခင်းပြင်ပေါ်တွင်သာ ရှိနေမည်ဟု ဘယ်သူက မျှော်လင့်ထားမည်လဲ။ Tang Li မှာ သတင်းအတွက် အထူးပင် ပီတိဖြစ်နေသည်။ သူ၏ အိမ်မှ တစ်ခုခုဖြစ်သရွေ့ သူ၏ အစ်ကိုကြီးနှင့် မရီးမှလည်း ပိုင်ဆိုင်နိုင်သည်။

အထူးသဖြင့် Han Yunxi မှာ ကမ္ဘာမြေမီး ခွမ်းမီးဖိုမှ ဆေးမီးဖိုသခင် ကဲ့သို့ ထူးဆန်းသောအခြားသူ၏ လက်ထဲတွင် ပိတ်မိနေမည်ကို စိုးရိမ်နေသောကြောင့် ဤတိုက်ဆိုင်မှုမှာ အံ့သြဝမ်းသာစရာပင်။ ထိုသို့ဖြစ်နေလျှင် တောင်းဆိုရန် ပို၍ ခက်ခဲ့လိမ့်မည်။ သို့သော် ၎င်းမှာ ထန်မျိုးနွယ်တွင် တွင်ရှိသောကြောင့်၊  အနီးနားတွင် တူးဆွရလျှင်ပင် နောက်ဆုံးတွင် တွေ့နိုင်မည်ဖြစ်သည်။ သူတို့ကိုလည်း ဘယ်သူမှ တားဝံ့မည် မဟုတ်ပေ။ 

အဆိပ်ကျမ်းတွင် ကမ္ဘာမြေမီး ခွမ်းမီးဖို၏ တည်ရှိမှုအတိအကျကို မဖော်ပြထားသော်လည်း ၎င်း၏မီးစုန်းဓါတ်ဖော်ပြချက်မှာ တိကျသည့် လက်ဆောင်ဖြစ်သည်။ ကြာပန်းတောင်တန်း အတွင်းတွင် မီးစမ်းဟု  ခေါ်သော စိမ့်စမ်းတစ်ခု ရှိကြောင်း မှတ်သား ထားသည်။ ထိုနေရာတွင် မီးမရှိသော်လည်း ရေမှာ ပူပြင်းနီရဲနေသည်။ လေသည် ၎င်း၏မျက်နှာပြင်ပေါ် တိုက်ခတ်သွားလျှင် အဝေးမှာ မီးတောက်များကဲ့သို့ ထင်ရသောကြောင့် ၎င်းကို ထိုအမည်ပေးထားခြင်း ဖြစ်သည်။

မီးစမ်း ၏ရေမှာ ပွက်ပွက်ဆူနေပြီး ၎င်း၏ အနားသတ်အနီးတွင် အပင်များပေါက်နေခြင်း မရှိပေ။ ကမ်းနားသို့ ချဉ်းကပ်လာသော မည်သည့်တိရစ္ဆာန်မဆို ချက်ချင်းသေဆုံးသွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အနက်ရောင် ပြောင်းသွားကြသည်။ အဆိပ်ကျွမ်းကျင်သူတစ်ဦးမှာ စမ်းတွင် တစ်ကြိမ်စစ်ဆေးခဲ့ပြီး ၎င်း၏ရေမှာ အဆိပ်ရှိကြောင်း အတည်ပြုခဲ့သော်လည်း တိကျသောအဆိပ်ကို မဆုံးဖြတ်နိုင်ပေ။ကောင်းကင်မီးမှာ ပူသော်လည်း ရုပ်မရှိသကဲ့သို့ အလားတူ သဘောတူတရားမှာ ကမ္ဘာမြေမီးနှင့်လည်း သက်ဆိုင်လေသည်။ အနက်ရောင် အလောင်းများအဖြစ် သေဆုံးသွားသည့် တိရိစ္ဆာန်များမှာ အဆိပ်သင့်သွားရခြင်း ဖြစ်နိုင်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now