အခန်း(၁၁၈၃)

287 26 2
                                    

အခန်း(၁၁၈၃)

တစ်ယောက်မှ နင်ချန်ကို မယှဥ်နိုင်ဘူး။






တောင်ပိုင်းစစ်သူကြီး၏ စကားများမှာ တိကျလှသည်။အကယ်၍ Ning Cheng မှာ သုံးလမ်းသွား စစ်မြေပြင်ကို အမှန်တကယ် သိမ်းပိုက်နိုင်ခဲ့လျှင် သူက လုံလောက်သော စစ်အင်အားနှင့် စားနပ်ရိက္ခာရှိသော ဘုရင်တစ်ပါးအဖြစ် ကောင်းစွာကြေငြာနိုင်သည်။ 

ကျယ်ပြောလှသော တဲကြီးတွင်း၌ တိတ်ဆိတ်သွားသည်။ အကယ်၍ Baili Yuanlong မှ ဤကိစ္စကို ထုတ်မပြောပြလျှင် အခြားဘယ်သူမှ သတ္တိရှိမည် မဟုတ်ပေ။ Ning Cheng မှာ အနောက်ချင် မင်းမျိုးနွယ်၏ တန်ခိုးအာဏာကို ကိုယ်စားပြုနေသည်။ သူ၏ နောက်ရှိလူမှာ အခြားသူမဟုတ်ပဲ Long Feiye အတွက် သားတစ်ယောက် မွေးထားပေးသည့် Han Yunxi ပင်။

Long Feiye မှာ လူအုပ်တွင်းသို့ အေးစက်နေသော မျက်လုံးများဖြင့် ဝေ့ဝိုက် ကြည့်ကာ မေးမြန်းလိုက်သည်။ “ကျန်တဲ့သူတွေကော ဘယ်လိုလဲ။ မင်းတို့ရဲ့အမြင်က ဘယ်လိုလဲ။"

မည်သူမှ ပထမဆုံး မပြောဝံ့ကြပေ။ အချို့မှာ Baili Yuanlong နှင့် တောင်ပိုင်းစစ်သူကြီးတို့ကို သဘောမတူကြသကဲ့သို့ Ning Cheng မှာ ယခုအချိန်တွင် ပုန်ကန်မည်ဟု မထင်ထားသော်လည်း သူ၏ လက်ရှိအပြုအမူများကို ရှင်းပြရန် အခြားအကြောင်းပြချက်များ ရှာမတွေ့ခဲ့ပေ။

Long Feiye မှာ အေးစက်စွာ ပြုံးလိုက်သည်။ "ဘာလဲ.. စစ်သူကြီးလီကို အားလုံးသဘောတူကြလား။”

Ning Cheng ၏ သဘောထားကို လူတိုင်းမှာ စဥ်းစားနေကြဆဲပင်။ သူ၏ အပြုံးမှာ သူတို့၏ နှလုံးသားထဲသို့ သံသယများ ပို၍ တိုးဝင်လာစေရုံသာ။အတန်ကြာစဉ်းစားပြီးနောက်၊ Baili Yuanlong မှ  ပြောလိုက်လေသည်။ "အရှင့်သား၊ Ning Cheng ရဲ့ အဆိုပြုချက်ကို အရင် ငြင်းပြီးမှ သူ့ရဲ့ တုံ့ပြန်မှုကို ဘာကြောင့် မကြည့်ရမှာလဲ။"

Long Feiye မှာ စကားမပြောသေးပေ။ သူ၏ အတွေးများကို လျှို့ဝှက်ဆန်းကြယ်စွာ ထိန်းထားရင်း လက်ချောင်းများမှာ စားပွဲပေါ်ကို ညင်သာစွာ ပုတ်နေသည် ။ Baili Yuanlong မှာ ဆက်မပြောတော့လျှင် တဲတွင်း၍ တိတ်ဆိတ်သွားပြန်သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now