အခန်း(၁၁၈၉)
လုံဖေးယဲ့အတွက် ထိုးနှက်ချက်။
Han Yunxi နှင့် Mu Linger တို့မှာ သတိလစ်နေသော Gu Qishao ဆီသို့ သွားရောက်လည်ပတ် နေစဉ် Long Feiye နှင့် Gu Beiyue တို့မှာ ဆူးပင်၏အောက်တွင် မတ်တပ်ရပ်နေကြသည်။ သူတို့က ၎င်းကို မနေ့ညက စပြီး လေ့လာနေကြသည်။
Gu Qishao ကဲ့သို့ပင်၊ သစ်ပင်မှာ မီးနှင့် အဆိပ်များကို ခုခံနိုင်စွမ်းရှိနေသည်။ ၎င်းသည် အပင်မှထုတ်နှုတ်သော အနှစ်သာရကို ပေါင်းစည်းခြင်းနှင့်ပတ်သက်၍ Han Yunxi ၏သီအိုရီကိုသာလျှင် အတည်ပြုနိုင်ခဲ့သည်။ Gu Qishao ၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရမှ မွေးဖွားလာသောကြောင့် Gu Qishao ၏ မသေနိုင်သော လက္ခဏာတွေကို သဘာဝအတိုင်း သယ်ဆောင်သွားလိမ့်မည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းမှာ အမှန်တကယ် မသေခြင်း သို့မဟုတ် ပျက်စီးယိုယွင်းရန် ခုခံနိုင်စွမ်းရှိနေခြင်း မဟုတ်ပဲ ရိုးရှင်းစွာပင် မြင့်မားသော ကိုယ်ခံစွမ်းအားနှင့် သက်တမ်းရှည်နေခြင်းပင်။
Long Feiye မှာ ရုတ်တရက် သူ၏ဓားကို ထုတ်လိုက်ပြီး ရမက်ဝါးမြိုခြင်းစွမ်းအင်ကို ဓါးတွင်းသို့ ပို့လွှတ်ကာ နွယ်ပင်အချို့ကို ပိုင်းဖြတ်လိုက်သည်။ အားလုံးမှာ ပြတ်တောက်သွားကြသည်။ Han Yunxi နှင့် Mu Linger မှာ နောက်ပြန်လှည့်ကြည့်လိုက်ပြီးနောက် Han Yunxi မှာ ပြုံးလိုက်သည်။ "Long Feiye၊ ဒီသစ်ပင်ကို Gu Qishao က ပိုင်တယ်။ ရှင်က ဖျက်ဆီးခွင့်မရှိဘူး။"
Long Feiye မှာ Han Yunxi မှ စိတ်အခြေအနေ ကောင်းနေသည်ကို မြင်လိုက်ရသောကြောင့် ပြန်ငြင်းခုံရန် စိတ်မ၀င်စားတော့ပေ။သူမ၏ စကားများမှာ Gu Beiyue ကို သတိပေးလိုက်ပြီး သူက လျင်မြန်စွာ ပြန်ပြောလိုက်သည်။ "အရှင့်သား၊ ဒီသစ်ပင်ကို လူတစ်ချို့နဲ့ စောင့်ကြပ်ခိုင်းတာ ပိုကောင်းလိမ့်မယ်။ အဲ့တာရဲ့ အနှစ်သာရက တစ်ခြားသူတွေလက်ကို ရောက်သွားရင် သူတို့က အဆိပ်ဂိုဏ်းရဲ့ အဆိပ်ကု လူသားတွေနဲ့ တူသွားလိမ့်မယ်။ အဲဒါဆိုရင် အရမ်းဒုက္ခရောက်လိမ့်မယ်။"
အကယ်၍ ဤအပင်မှထုတ်နှုတ်ထားသော အနှစ်သာရသည် လူသားများကို မသေနိုင်သော ဖွဲ့စည်းပုံများအဖြစ်သို့ ပြောင်းလဲပေးနိုင်လျှင် ၎င်းကိုရရှိရန် ရည်မှန်းချက်ကြီးသော လူများ မည်မျှရှိနေမည်လဲ။သက်ရှိလူသားများပေါ်တွင် မရိုးသားသော သမားတော် ဘယ်နှစ်ယောက်က ၎င်းဖြင့် စမ်းသပ်ကြည့်မည်လဲ။ သူတို့က ဤသစ်ပင်ကို ကောင်းစွာ လျှို့ဝှက်၍ ကာကွယ်စောင့်ရှောက်ထားရမည်။
YOU ARE READING
အဆိပ်ပါရမီရှင်ကြင်ယာတော် book 6
Historical Fiction** Book 6** အလွယ်တကူ အနိုင်ကျင့်ခံရကာ ရုပ်ဆိုးသော မည်သည့် ဆေးပညာစွမ်းရည်မှ မရှိသော သူမ။ သူက လူများစွာမှ ထောက်ပံ့ပေးခြင်းခံရကာ ကောင်းကင်အောက်တွင် အာဏာကြီးစွာဖြင့် ထျန်းနင်၏ အလေးစားခံရဆုံးသော ချင်ဝမ်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် ဝေါယာဥ်မှာ တံခါးရှေ့တွ...