အခန်း(၁၁၂၀)

260 26 0
                                    

အခန်း(၁၁၂၀)

ဝင်ရောက်ခြင်း။  တာဝန်။








Long Feiye မှ စကားဆုံးသည်နှင့် Gu Beiyue မှ ထပ်ပြောလိုက်သည်။ “ဒါက ချောက်ကမ်းပါးမှာ ရှိသင့်တယ်။ အရှင့်သား ဒီည ကျွန်တော်က လိုက်ပို့ပေးပါမယ်။"

စိတ်လှုပ်ရှားနေသော Gu Qishao မှာ နောက်ဆုံးတွင် သူ၊ Han Yunxi နှင့် Long Feiye တို့မှာ မြေအောက်မီးလောင်မှုကြီးကို ရှောင်ရန် ချောက်ကမ်းပါးတစ်ခုဆီသို့ ထွက်ပြေးခဲ့ကြပုံကို ပြန်ပြောင်းသတိရသွားသည်။ လျှိုမြောင်ထဲတွင် မြှုပ်နှံခံရခြင်းမှ ကျဉ်းမြောင်းစွာ ရှောင်ရှားခဲ့ရသည်။တစ်စုံတစ်ယောက်မှာ သူ့အား စွန့်လွှတ်ရန် ငြင်းဆန်ခဲ့သည်မှာ သူ၏ ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုမှတ်ဉာဏ်သည် သူ၏ အာရုံကြောများကို ငြိမ်သက်သွားစေရန် လုံလောက်လေသည်။ တစ်စုံတစ်ဦးကို ကယ်တင်ခြင်းမှာ သွေးစွန်းသော လုပ်ဆောင်ချက်တစ်ခုမျှသာ မဟုတ်ပဲ တည်ငြိမ်ပြီး ဆင်ခြင်တုံတရားဖြင့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

"ထွက်ပေါက်အားလုံးကိုရှာပြီး ပိတ်ဆို့ထား.." Gu Qishao မှာ အေးစက်စွာပြောလိုက်သည်။ ခေါင်းရှင်းနေချိန်တွင် သူက လူမိုက်မဟုတ်ပေ။သူ၏အကြံအစည်မှာ Long Feiye နှင့် Gu Beiyue တို့၏ အတွေးအား အတိအကျကို ထင်ဟပ်နေသည်။ ကြည်လင်လေညှင်းတောင်ထိပ်အား ဝန်းရံရန် သူတို့၏လူအားလုံးကို စေလွှတ်ခြင်းပင်လျှင် ဤမျှကြီးမားသော တောင်ကြီးအား စောင့်ကြည့်နိုင်မည်ဟု အာမခံချက်မရှိပေ။ သို့တိုင် အကယ်၍ သူတို့က မြေအောက်နန်းတော်၏ ထွက်ပေါက်အားလုံးကို ရှာတွေ့ပြီး တပ်ဖွဲ့ဝင်များကို ရွေ့ပြောင်းထားမည်ဆိုလျှင် ဒုက္ခတစ်ဝက်လောက်ကို ကယ်တင်နိုင်မည်။

ထိုညတွင် Long Feiye နှင့် Gu Beiyue တို့မှာ အဆိပ်ဂိုဏ်း၏ လျှိုမြောင်အတွင်းမှ မှောင်မိုက်သော သစ်တောများအတွင်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ခဲ့ပြီး ကြည်လင်လေညှင်းတောင်ထိပ်၏ ချောက်ကမ်းပါးဆီသို့ ပျံသန်းသွားခဲ့သည်။ ကျွမ်းကျင်သော လူများသာ နံရံများမှ လက်ကိုင်မလိုပဲ ထိုကဲ့သို့သော အမြင့်တွင် ရပ်တည်နိုင်ကြသည်။ သူတို့သည် တွေ့ရှိခံရခြင်းမှ သတိထားနေရရုံသာမက ချောက်ကမ်းပါးမျက်နှာပြင်ရှိ လျှို့ဝှက်ဝင်ပေါက်များကို ရှာဖွေရန်လည်း လိုအပ်နေသည်။ ကီလိုမီတာ တစ်ထောင် ရှည်လျားသော တောင်ထိပ်မှ တောင်ခြေအထိ ရှာဖွေရန် သူတို့က တစ်ညလုံး အချိန်ယူခဲ့ရသည်။ နောက်ဆုံးတွင် သူတို့က ချောက်ကမ်းပါးမှ ထွက်ပေါက်တစ်ခုသာ တွေ့ရှိခဲ့သည်။ 

အဆိပ်ပါရမီရှင်ကြင်ယာတော် book 6 Where stories live. Discover now